
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၆ ရက်
စစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်း Saab မှထုတ်လုပ်တဲ့ Gripen ဂျက်တိုက်လေယာဉ် (၄) စင်း ထိုင်းနိုင်ငံသို့ရောင်းချမယ့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီလို့ ဆွီဒင်နိုင်ငံက တနင်္လာနေ့မှာ ပြောပါတယ်။
သဘောတူညီချက်ဟာ ဆွီဒင်စစ်လေယာဉ်တွေအတွက် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အ လမ်းတွေ တိုးလာစေကြောင်း ဆွီဒင်အစိုးရက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
Gripen E ဂျက်တိုက်လေယာဉ် (၃) စင်းနဲ့ Gripen F ဂျက်တိုက်လေယာဉ်တစ်စင်းအပြင် ပစ္စည်း ကိရိယာတွေ၊ ထောက်ပံ့ရေးနဲ့ လေ့ကျင့်မှု အစရှိတဲ့ သဘောတူညီချက်ရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၇၁၄ သန်းဝန်းကျင်ရှိပြီး ၂၀၂၅ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အတွင်း လေယာဉ်တွေ ပေးပို့မယ်လို့ Saab က ပြောပါတယ်။
ထိုင်းလေတပ်ဖွဲ့မှာ Gripen C/D ဂျက်တိုက်လေယာဉ်အုပ်တစ်ဖွဲ့ ရှိပြီးသားဖြစ်ပြီး သဘောတူညီ ချက်ကို သတင်းထုတ်ပြန်ချက်တစ်ခုမှာ ကြေညာခဲ့တာပါ။
ထိုင်းအစိုးရဟာ Gripen ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူမယ့် အဆိုပြုချက်တစ်ရပ်ကို အတည် ပြုခဲ့ကြောင်း Saab က ယခုလအစောပိုင်းမှာ ကြေညာခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Sweden agrees to sell 4 Saab Gripen fighter jets to Thailand