ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၅ ရက်

 

ထိုင်းနိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း ကဂျိကိ အရှိန်ကြောင့် ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းခရိုင်များတွင် ရေကြီးမှုများ၊ မြစ်ရေလျှံမှုများဖြစ်လာနိုင်ကြောင်း သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ကျရေးဌာန(DDPM) က သတိပေးချက် ထုတ်ပြန်ထားသည်။

 

လက်ရှိတွင် မုန်တိုင်းကဂျိကိ(Kajiki) မှာ ဗီယက်နမ် အလယ်မြောက်ပိုင်းကမ်းရိုးတန်းသို့ ရွေ့လျားနေပြီး မုန်တိုင်းအရှိန်ကြောင့် လျင်မြန်စွာ မြစ်ရေကြီးခြင်းများ ဖြစ်လာနိုင်၍ ဒေသခံများအနေဖြင့် ကြိုတင် ပြင်ဆင်ထားကြရန်လည်း သတိပေးထားသည်။

 

မုန်တိုင်းအရှိန်ကြောင့် ထိုင်းတောင်ပိုင်းနှင့် ကမ်းရိုးတန်း‌ ဒေသများတွင်လည်း ဒီရေမြင့်တက်လာနိုင်ပြီး ထိုင်းပင်လယ်ကွေ့ နှင့် ဘင်္ဂလားပင်လယ်တို့တွင်လည်း လှိုင်းကြီးနိုင်ကြောင်း DDPM က ထုတ်ပြန် ထားသည်။

 

ထို့ပြင် ထိုင်းမြောက်ပိုင်းနှင့် တောင်ပိုင်းခရိုင်များအပါအဝင် ခရိုင် ၄၀ ကျော်တွင် လာမည့် အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့များတွင် ရေကြီး ရေလျှံခြင်းများဆက်လက်ဖြစ်ပေါ်နိုင်သည့်အတွက် ဒေသခံများအ နေဖြင့် သတိထားကြရန်နှင့် ရာသီဥတုသတိပေးချက်များစောင့်ကြည့်၍ လိုအပ်ပါက ရှောင်တိမ်းနိုင်ရန် ပြင်ဆင်ထားသင့်ကြောင်း DDPM က သတိပေးထားသည်။

 

ကိုးကား – The Nation Thailand