
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၅ ရက်
တိုင်ဖုန်းမုန်တိုင်း “ကာဂျီကီ” မဝင်ရောက်မီ ပြည်သူ ၅၀၀၀၀၀ ကျော် ဘေးလွတ်ရာရွှေ့ပြောင်းဖို့ ဗီယက်နမ်အစိုးရက ညွှန်ကြားခဲ့ပါတယ်။
တိုင်ဖွန်းမုန်တိုင်း “ကာဂျီကီ” ဟာ တစ်နာရီ ၁၀၃ မိုင်နှုန်းနဲ့ တိုက်ခတ်နေပြီး တနင်္လာနေ့အစော ပိုင်းမှာ ဗီယက်နမ်နိုင်ငံသို့ မဝင်ရောက်မီ ပိုမို အားကောင်းလာမယ်လို့ မိုးလေဝသပညာရှင်တွေက ပြော ပါတယ်။
ဗီယက်နမ်နိုင်ငံအလယ်ပိုင်း သန်ဟို၊ ကောင်ထရီ၊ ဟွီးနဲ့ ဒါနန်းပြည်နယ်များရှိ ပြည်သူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ ညွှန်ကြားထားပြီး လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းကာ စက်လှေတွေ ကမ်းကပ်ထားဖို့ အမိန့်ပေးခဲ့ပါတယ်။
တိုင်ဖွန်းမုန်တိုင်း “ကာဂျီကီ” ဟာ ဗီယက်နမ်အတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်ချိန်မှာ အား ပျော့သွားပေမယ့် မိုးရေချိန် ၃၀၀ မှ ၄၀၀ မီလီမီတာအထိ ရွာသွန်းနိုင်တယ်လို့ သိရပါတယ်။
ပြည်သူတွေ နေအိမ်တွင်းသာ နေထိုင်ကြဖို့ အာဏာပိုင်တွေက ပြောကြားထားပြီး ကူညီကယ် ဆယ်ရေး ဆောင်ရွက်နိုင်ဖို့ စစ်သားတွေကို စေလွှတ်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
“အခြေအနေက အလွန်အမင်း အန္တရာယ်များပြီး ခရီးသွားယာဉ်တွေ၊ ငါးဖမ်းလှေတွေနဲ့ ငါးဖမ်း လုပ်ငန်းတွေလိုမျိုး အဆောက်အအုံတွေ၊ မော်တော်ယာည်တွေ ဘေးမကင်းပါဘူး” လို့ လယ်ယာစိုက် ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေက ပြောပါတယ်။
ဗီယက်နမ်လေကြောင်းလိုင်းတွေက တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့အတွက် အလယ်ပိုင်းမြို့များသို့ ပျံသန်းမယ့်ခရီးစဉ် ၂၂ ခုထက်မနည်းကို ဖျက်သိမ်းခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံမှာပင် လူ ၃၀၀ သေဆုံးမှုအပါအဝင် ဒေသတွင်းမှာ ပြည်သူ ထောင်နဲ့ချီ သေဆုံး စေခဲ့တဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း တိုက်ခတ်ခဲ့တဲ့ “ယာဂီ” မုန်တိုင်းလိုမျိုး တိုင်ဖွန်းမုန်တိုင်း “ကာဂျီကီ” က ထိခိုက်သေကျေမှု ရှိလာမှာကို တာဝန်ရှိသူတွေက စိုးရိမ်နေပါတယ်။
ကိုးကား – BBC
Ref; More than 500,000 ordered to evacuate as typhoon heads for Vietnam