ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၄ ရက်

ရှမ်းမြောက်၊ “ဝ” တပ်ဖွဲ့ (UWSA) ထိန်းချုပ်ထားသည့် ဟိုပန်ခရိုင် ၊ နမ့်တစ်မြို့နယ်အတွင်းရှိ နမ့်တစ်-ညိနောင် တံတား ကျိုးကျပျက် စီးသွားကြောင်း သိရသည်။

နမ့်တစ်မြို့နယ်အတွင်းမှ တရုတ်ဘက်အဝင်လမ်းတွင်ရှိသည့် ချင်းရွှေဟော်ကို အဓိကဆက်သွယ် ထားသည့် နမ့်တစ်တံတားမှာ ယနေ့ ဩဂုတ် ၂၄ ရက် နံနက်အစောပိုင်းတွင် ကျိုးကျသွားကြောင်း ရှမ်းမြောက်ရှိ သတင်းရင်းမြစ်ထံမှ သိရသည်။

“နမ့်တစ်တံတားက အချိန်ကိုက်ကျိုးကျသွားတာ။ အရေးပါတဲ့တံတားတစ်စင်းဖြစ်လို့ အမြန်ပြန်တည် ဆောက်ဖို့တော့ လိုလိမ့်မယ်”ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရှမ်းမြောက်ဒေသအတွင်းသို့ ကုန်ပစ္စည်းများ ဖြတ်သန်းကူးပြောင်းရာတွင် ချင်းရွှေဟော်နယ်စပ်ဂိတ်မှ အဆိုပါတံတားကို အဓိကထား အသုံးပြုနေရခြင်းဖြစ်သည်။

“ဝ” တပ်ဖွဲ့က ညီနောင်မဟာမိတ်အဖွဲ့ကို စစ်ရေးအကူအညီများ ရပ်ဆိုင်းမည်ဟု သတင်းထုတ် ပြန်ပြီးနောက် တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ များကို ဖြတ်သန်းအသုံးပြုခွင့် ပြုထားသည့် နမ့်တစ်တံတား ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။

မည်သည့်အကြောင်းရင်းကြောင့် တံတားကျိုးကျသွားသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း ဝတပ်ဖွဲ့က စစ်ရေးရပ်ဆိုင်းမှုနှင့်အတူ တံတားပါအချိန်ကိုက် ကျိူကျသွားခြင်းဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်သုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ- ပေးပို့