ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၄ ရက်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ကြီးကြပ်ကွပ်ကဲတဲ့ လက်နက်စမ်းသပ်မှုတစ်ခုမှာ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်သစ်နှစ်စင်းကို ပစ်ခတ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြ ပါတယ်။

စနေနေ့က လုပ်ဆောင်ခဲ့တဲ့ ဒုံးကျည်ပစ်ခတ်မှုတွေဟာ ဝေဟင်ပစ်မှတ်တွေကို ဖျက်ဆီးဖို့သင့် တော်တဲ့ ခေတ်မီဒုံးကျည်နှစ်စင်းကို သက်သေပြခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA က ပြောပါ တယ်။

နှစ်နိုင်ငံနယ်နိမိတ် စစ်မဲ့ဇုန်ကို ဖြတ်ကျော်လာတဲ့ မြောက်ကိုရီးယားစစ်သားတွေကို သတိပေး ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားက အတည်ပြုပြီးနောက် မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှု ပြုလုပ်တာပါ။

တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့ဟာ တနင်္လာနေ့ကတည်းက ဒေသတွင်း ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။

နျူကလီးယားလက်နက်တွေ ထုတ်လုပ်မယ့် သူ့ရဲ့ရည်မှန်းချက်ကို အရှိန်မြှင့်သွားဖို့ မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအန်က ကတိပြုခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ဇန်နဝါရီလအတွင်း ပစိဖိတ်ဒေသရှိ မည်သည့်ပြိုင်ဘက်ကိုမဆို ထိ မှန်နိုင်တဲ့ အသံထက်မြန်သော ထိပ်ဖူးတပ်ထားတဲ့ တာလတ် တိုက်ချင်းပစ်ဒုံးကျည်တစ်စင်း ပစ်ခတ်ခဲ့ပါ တယ်။

ယူကရိန်းကျူးကျော်စစ်မှာ ရုရှားကိုကူတိုက်ပေးဖို့ တပ်ဖွဲ့တွေ စေလွှတ်ပေးမှုကြောင့် မြောက်ကို ရီးယားက ရုရှားဒုံးကျည်နည်းပညာ ရရှိနေမှုနဲ့ပတ်သက်လို့ တောင်ကိုရီးယားနိုင်ငံက စိုးရိမ်မှုတွေ ရှိခဲ့ပါ တယ်။

ရုရှားဟာ ပြုံယမ်းမြို့တော်ကို ကာကွယ်ပေးမယ့် ဒုံးကျည်‌တွေ၊ စစ်လက်နက်တွေ ထောက်ပံ့ခဲ့ ကြောင်း တောင်ကိုရီးယားက တွေ့ရှိခဲ့တယ်လို့ သမ္မတဟောင်း ယွန်ဆတ်ယိုလ်ရဲ့ အမျိုးသားလုံခြုံရေး အကြံပေး ရှင်ဝမ်ဆစ်က ပြောပါတယ်။

ကိုးကား – BBC
Ref; North Korean leader oversees new missile test, state media says