
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၄ ရက်
၂၀၃၀ ပြည့်နှစ်မတိုင်မီ ထိုင်ဝမ်ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီရဲ့ ၅ ရာခိုင်နှုန်းအထိ တိုး မြှင့်ဖို့ ရည်ရွယ်ထားကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချင်တေးက အရိပ်အမြွက်ထုတ်ဖော်ပြောပါတယ်။
လိုင်ချင်တေးဟာ သောကြာနေ့က အရှေ့မြောက်ကမ်းရိုးတန်း၊ ယိလန်မြို့ရှိ ရေတပ်အခြေစိုက်စ ခန်းတစ်ခုသို့ သွားရောက်ခဲ့တယ်လို့ ထိုင်ဝမ်သမ္မတရုံးက ပြောပါတယ်။
ခရီးစဉ်အတွင်း လိုင်ချင်တေးဟာ ကာကွယ်ရေးဘတ်ဂျက် ဆက်လက်ပြီး တိုးမြှင့်မယ့်အစီအစဉ် ကို ရှင်းပြခဲ့ပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်း တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေ တိုးလာခဲ့တယ်လို့ ဆိုပါတယ်။
လာမယ့်နှစ် ကာကွယ်ရေးဘတ်ဂျက်ကို ယခုနှစ်ထက် ၂၀ ရာခိုင်နှုန်းကျော် တိုးမြှင့်မယ့် အစီအ စဉ်တစ်ခုကို ထိုင်ဝမ်အစိုးရအဖွဲ့က ကြာသပတေးနေ့မှာ ကြေညာပြီးနောက် သူ့ရဲ့ ရေတပ်အခြေစိုက်စ ခန်း ခရီးစဉ် ဖြစ်လာခဲ့တာပါ။
ယခုနှစ် ထိုင်ဝမ်ရဲ့ စစ်ရေးအသုံးစရိတ်ဟာ ဂျီဒီပီရဲ့ ၃ ဒသမ ၃၂ ရာခိုင်နှုန်းအထိ ရှိလာမယ်လို့ လိုင်ချင်တေးက ဆိုပါတယ်။
တရုတ်စစ်တပ်ရဲ့ ဖိအားပေးမှုတွေ တိုးလာပြီး ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ဖို့ အမေရိကန် နိုင်ငံရဲ့ တောင်းဆိုမှုတေွ ရှိနေချိန်မှာ ထိုင်ဝမ်က စစ်ရေးအသုံးစရိတ် တိုးလိုက်တာပါ။
တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြု လုပ်ကာ စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေ စေလွှတ်ပြီး ထိုင်ဝမ်ကို ခြိမ်းခြောက်ခဲ့ပါတယ်။
ကိုးကား – NHK
Ref; Taiwan aims to boost defense spending to 5% of GDP by 2030