ရေး-ထားဝယ် ကားလမ်းမပေါ် တွင် စစ်ကောင်စီယာဥ်တန်း၁၃ စီးမိုင်းဆွဲတိုက်ခိုက်ခံရကာ ထိခိုက်သေဆုံးမှုများပြီး အရေးပေါ်လူနာတင်ယာဥ်နဲ့ တိတ်တစိတ်သယ်ယူသွား

ဇွဲနိုင်/ဧရာဝတီတိုင်းမ်

(ရေဖြူ)၊စက်တင်ဘာလ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ ရေး-ထားဝယ် ကားလမ်းမပေါ်ရှိ လမ်းပိုင်းတစ်နေရာတွင် ယမန်နေ့သြဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီ တပ်ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ် လို့ ဒေသခံတွေထံကသိရပါတယ်။

သြဂုတ် ၃၁ ရက် နံနက် ၉ နာရီခွဲခန့်အချိန်က ရေးဖက်မှထားဝယ်ဖက်သို့ ဦးတည်မောင်းနှင်လာသော စစ်ကောင်စီ ၏ ၁၃ စီးပါယာဥ်တန်းဟာ ကလိန်အောင်မြို့ မရမ်းချောင်းကျေးရွာ နှင့် ကော့လှိုင်ရွာအကြား ၅၅ မိုင်အနီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

“ပေါက်ကွဲတဲ့ အသံကတော့အကျယ်ကြီးပဲ့ကြားလိုက်ရတယ်။ဘာအသံလဲလို့လန့်ပါ လန့်သွားတယ် ။မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက သေနတ် နဲ့ ရမ်းသမ်းပစ်ခတ်သွားတယ်

ဒဏ်ရာရစစ်သားတွေကိုလည်း လူနာတင်ကား ရဲ့ ပွိုင့်မီးတောင် မထွန်းပဲ တိတ်တိတ်လေးသယ်ဆောင်သွားတယ်လို့ “ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောပါတယ်။

ဒါ့ပြင် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံးနဲ့ ဒဏ်ရာ ရရှိတဲ့ စစ်ကောင်စီတပ်သားများကို အရေးပေါ်လူနာတင်ယာဥ်ဖြင့် ဆေးရုံကို တိတ်တစိတ် သယ်ဆောင်သွားကြတယ် လို့ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုအား မည်သည့် အဖွဲ့အစည်းကပြုလုပ် သလည်းဆိုတာကိုတော့ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

သြဂုတ် လ ၁၉ ရက်နေ့ကလည်း ကံပေါက်နယ်မြေရဲစခန်း မှ ဒုရဲအုပ် အပါအဝင်ရဲတပ်ဖွဲ့ဝင်များနဲ့ ပျူစောထီးများပါတဲ့ ကား ရေဖြူမြို့သို့ အစည်းအဝေးတက်ရောက်ရန်အသွား မိုင် ၄၀ အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဒုရဲအုပ် တစ်ဦးနှင့် ပျူစောထီး တစ် ဦးသေဆုံးခဲ့ပါသေးတယ်။

ဓာတ်ပုံ-ပုံဟောင်းဖြစ်သည်

#Ayeyarwaddy_Times