
မြန်မာအတိုက်အခံတပ်ဖွဲ့တွေက အာဏာသိမ်းစစ်ကောင်စီကို ဖြုတ်ချနိုင်မလား
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁ ရက်
အာဏာသိမ်းစစ်ကောင်စီက မြန်မာနိုင်ငံကို အလွန်အမင်း ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်ခဲ့တာ ၁၈ လ ပြည့်မြောက်လာခဲ့ပြီး တိုင်းပြည်ရဲ့စီးပွားရေးလည်း ချွတ်ခြုံကျကာ ပြည်သူ့ကျန်းမာရေးနဲ့ ဒုက္ခသည်တွေအ တွက် အိပ်မက်ဆိုးတွေ ဖန်တီးခဲ့ပါတယ်။
မြန်မာစစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ပြီး အတိုက်အခံခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် အပါအဝင် ထောင်နဲ့ချီတဲ့ပြည်သူတွေကို ထောင်သွင်းအကျဉ်းချခဲ့ပါတယ်။
စစ်ကောင်စီဟာ နှစ် ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် မကြာသေးမီက လွှတ်တော်အမတ် ဟောင်းတစ်ဦး အပါအဝင် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူလေးဦးကို ကြိုးပေးကွက်မျက်ခဲ့ပါတယ်။
၁၉၆၂ ခုနှစ်နောက်ပိုင်း တိုင်းပြည်ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ အုပ်ချုပ်ခဲ့တဲ့ မြန်မာစစ်တပ် က တိုင်းရင်းသား အတိုက်အခံအဖွဲ့ဝင်တွေအပြင် ကချင်နဲ့ ရိုဟင်ဂျာလူနည်းစုတွေကို အစုလိုက်အပြုံလိုက် သတ် ဖြတ်ခဲ့ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အာဆီယံနိုင်ငံတွေရဲ့ မေတ္တာရပ်ခံမှုတွေရှိလင့်ကစား နိုင်ငံရေးအကျဉ်းသား လေးဦးကို ကြိုးပေးကွက်မျက်တာ စစ်ကောင်စီဟာ တိုင်းပြည်ကိုအုပ်ချုပ်ဖို့ မြေလှန်စနစ်နဲ့ဖျက်ဆီးရမယ်ဆိုတာ အပြည့်အဝ လက်ခံထားတယ်ဆိုတာ ပြသနေပါတယ်။
စစ်ကောင်စီဟာ အိမ်နီးချင်းတိုင်းပြည်တွေရဲ့ ရှုမြင်မှုကို ဂရုမစိုက်ဘဲ အာဏာတည်မြဲရေးအတွက် မြန်မာ ပြည်အလယ်ပိုင်းမှာ အရပ်သားပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သလို ထင်ရှားတဲ့ တက်ကြွလှုပ် ရှားသူတွေကို ကြိုးပေးကွက်မျက်ခဲ့ပါတယ်။
စစ်တပ်က အပေးအယူလုပ်ဖို့ စိတ်မဝင်စားဘဲ တိုင်းပြည်ကို မီးလောင်တိုက်သွင်းဖို့သာ စိတ်အားထက် သန်နေတယ်လို့ မြန်မာပြည်သူတွေက ယုံကြည်နေပါတယ်။
ပြီးခဲ့တဲ့နှစ် အာဏာသိမ်းပြီးနောက်ပိုင်း အစွန်အဖျားဒေသတွေမှာသာ တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် လက်ရှိ မှာ တိုက်ပွဲတွေဟာ မြို့ပြဒေသတွေအထိ ပျံ့နှံ့လာတာကြောင့် မြို့ပြစစ်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ ဒေးဗစ်မာသီဆန်က ပြောပါတယ်။
စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီးတွေက တိုက်ပွဲဝင် အတွေ့အကြုံရှိလာခဲ့ပြီး မြို့ပြဧရိယာတွေမှာပါ တိုက်ပွဲတွေ ပြင်းထန်လာမယ့်ပုံရှိပါတယ်။ စစ်တပ်က တိုင်းပြည်ကို ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်နေပေမယ့် တပ်ဖွဲ့ဝင်တွေကြား အကြောက်တရားတွေ ကြီးထွားလာပါတယ်။
စစ်တပ်က ထောင်ချီတဲ့တပ်ဖွဲ့ဝင်တွေ၊ ရုရှားမှဝယ်ယူထားတဲ့ စစ်လက်နက်တွေနဲ့ ကြွားဝါနေပေမယ့် အာ ဏာကို ထိန်းချုပ်နိုင်မယ့်ပုံမရှိပါဘူး။ မြန်မာစစ်တပ်အတွက် မသေချာမှုတွေ ရှိလာစေတာ မြန်မာပြည်သူတွေအ တွက် ပိုကောင်းလာမှာဖြစ်ပါတယ်။
စစ်တပ်က PDF လို့လူသိများတဲ့ ပျောက်ကြားတပ်ဖွဲ့တွေရဲ့အင်အားကို လျော့တွက်ခဲ့ပါတယ်။ PDF တပ် ဖွဲ့ဝင်အများစုက မြန်မာပြည်မလို့ခေါ်တဲ့ အလယ်ပိုင်းဒေသတွေကဖြစ်ပြီး အာဏာသိမ်းပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းခဲ့ပါတယ်။
ပျောက်ကြားတပ်ဖွဲ့တွေက စစ်တပ်အပေါ် ထိရောက်တဲ့ တိုက်ခိုက်မှုတွေနဲ့ သက်သေပြခဲ့ပြီး စစ်ဘက်စ ခန်းအများအပြားကို သိမ်းပိုက်ပြီး စစ်တပ်ကို အရှက်ရစေခဲ့ပါတယ်။ မြန်မာနိုင်ငံ ဒေသအသီးသီးမှာ စစ်ဘက်အ ရာရှိတွေနဲ့ စစ်စခန်းတွေအပေါ် ပျောက်ကြားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုက ထိရောက်တာကြောင့် စစ်ကောင်စီတပ် ဖွဲ့ဝင်တွေကြား
ကြောက်ရွံ့မှုတွေရှိလာပြီး စစ်တပ်ရဲ့ ကွပ်ကဲမှုလမ်းကြောင်းကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။
ရမ်းသမ်းဗုံးကြဲခြင်း၊ မြို့/ရွာများကို မီးရှို့ခြင်းနှင့် အခြား ရက်စက်ကြမ်းကြုတ်မှုတွေလိုမျိုး ရက်စက်တဲ့ နည်းပရိယာယ်တွေနဲ့ စစ်တပ်က စစ်အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့တွေကို လက်တုံ့ပြန်ခဲ့ပါတယ်။ ဒီနည်းဗျူ ဟာတွေက ထိရောက်မှုမရှိတဲ့အပြင် တပ်ဖွဲ့ဝင်အများအပြားက စစ်တပ်ကိုဆန့်ကျင်ကာ ပျောက်ကြားတပ်ဖွဲ့တွေ နဲ့ ပူးပေါင်းသွားကြပါတယ်။
အတိုက်အခံတွေရဲ့ ထိရောက်သော လူမှုကွန်ရက် တင်ဆက်မှုတွေကြောင့် အောက်ခြေ စစ်ကောင်စီတပ် ဖွဲ့ဝင်တွေက စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို သိရှိလာခဲ့ပြီး PDF တွေထံ ဘက်ပြောင်းနေကြပါတယ်။ မြန်မာစစ်တပ်က တပ်သားသစ် စုဆောင်းဖို့ အခက်အခဲရှိနေသလို စစ်တက္ကသိုလ်တွေမှာ တက်ရောက်လိုသူတွေ ကို ဆွဲဆောင်ဖို့ ရုန်းကန်နေရပါတယ်။
ဒါဟာ မြန်မာစစ်တပ်အတွင်း စိတ်ဓာတ်ပိုင်းယိုယွင်းလာမှုကို ပြသနေပြီး မြန်မာစစ်တပ်ရဲ့အင်အားက ထင်ထားသည်ထက် လျှော့နည်းနေတယ်လို့ လေ့လာသူအချို့က ယုံကြည်ပါတယ်။ စိတ်ဓာတ်ပိုင်းကျဆင်းမှုနဲ့ ပျောက်ကြားတပ်ဖွဲ့တွေရဲ့ စစ်ဘက်အရာရှိတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ အောင်မြင်လာတာကြောင့် မြန် မာစစ်တပ်ဟာ စတင်ပြိုကွဲလာပါတယ်။
လူသားမဆန်တဲ့ ရာဇဝတ်မှုတွေကြောင့် နိုင်ငံတကာရဲ့ စုံစမ်းစစ်ဆေးမှုခံနေရတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေက အရှုံးပေးမယ့်ပုံမပေါ်ပေမယ့် အောက်ခြေတပ်ဖွဲ့ဝင်တွေက PDF၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထက် အားနည်းပုံပေါ်နေပါတယ်။
စစ်တပ်က စစ်လက်နက်တွေ ရရှိပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ PDF တွေက လွန်ခဲ့ တဲ့တစ်နှစ်ကထက်ပိုပြီး လက်နက်ကောင်းလာခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း နယ် ပယ်စုံမှာ တိုးတက်မှုတွေ ရရှိနေပါတယ်။
NUG ရဲ့ တာဝန်ရှိသူတွေက အမေရိကန်၊ အခြားတိုင်းပြည်တွေမှ အကြီးတန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။ သြစတြေးလျနိုင်ငံက ကင်ဘာရာမြို့တော်မှာ NUG ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခွင့်ပေးလာသလို ပြင် သစ်နဲ့ ချက်သမ္မတနိုင်ငံက NUG ကို အသိအမှတ်ပြုခဲ့ပါတယ်။
NUG က အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး လမ်းညွှန်မြေပုံ ချပြနိုင်ပါက အမေရိ ကန်နဲ့ အခြား ဒီမိုကရေစီနိုင်ငံကြီးတွေက NUG ကို အသိအမှတ်ပြုသင့် သို့မဟုတ် လက်နက်တပ်ဆင်ပေးသင့် တယ်လို့ လေ့လာသူအချို့က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ရက်စက်ကြမ်းကြုတ်မှုကို အကန့်အသတ်မရှိ အဓိကကျသော ဒီမိုကရေစီနိုင်ငံ တွေက NUG ကို သံတမန်နည်းလမ်းအရ အသိအမှတ်ပြုဖို့ အချိန်ကျရောက်လာပြီဖြစ်ပါတယ်။
အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့တွေက စိတ်ပိုင်းဖြတ်ထားမှုကို ပြောင်းလဲမှာမဟုတ်သလို စစ်တပ်က လည်း အပေးအယူလုပ်ဖို့ စိတ်မဝင်စားပေ။ အတိုက်အခံ တော်လှန်ရေးတပ်ဖွဲ့တွေကသာ စစ်အုပ်ချုပ်ရေးကို အ မှန်တစ်ကယ် အဆုံးသတ်နိုင်စွမ်းရှိပါတယ်။
Council on Foreign Relations အရှေ့တောင်အာရှဌာန အကြီးတန်းပညာရှင် Joshua Kurlantzick ရဲ့ ဂျပန် တိုင်းမ်သတင်းစာမှာ ဖော်ပြထားတဲ့ Could Myanmar’s opposition forces unseat the junta? ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။