ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၃ ရက်

တောင်ကိုရီးယားတပ်ဖွဲ့က နယ်စပ်တစ်လျှောက် အဟန့်အတားတွေ တပ်ဆင်နေတဲ့ မြောက်ကို ရီးယားစစ်သည်တွေကို သတိပေးပစ်ခတ်ပြီးနောက် တောင်ကိုရီးယားဟာ ပြင်းထန်သော ရန်စမှုတွေပြု လုပ်နေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲလိုက်ပါတယ်။

သတိပေးပစ်ခတ်မှုဟာ တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်နေချိန်နဲ့ တိုက်ဆိုင် နေတယ်လို့ မြောက်ကိုရီးယား ဒုတိယစစ်ဉီးစီးချုပ် ကိုဂျောင်ချိုလ်က ပြောကြားခဲ့ပြီး တောင်ကိုရီးယား က တင်းမာမှုတွေ မြင့်တက်အောင်ပြုလုပ်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

မြောက်ကိုရီးယားစစ်သားတွေက နှစ်နိုင်ငံနယ်နိမိတ်မျဉ်းကို ဝင်ရောက်လာလို့ သတိပေးပစ်ခတ် မှုတွေ ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဉီးစီးချုပ်များက အတည်ပြုခဲ့ပါတယ်။

မြောက်ကိုရီးယားတပ်ဖွဲ့တွေက သူ့ပိုင်နက်အတွင်း ပြန်သွားခဲ့ကာ ပြန်လည်ပစ်ခတ်တာမရှိဘူး လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

နှစ်နိုင်ငံကြား နယ်နိမိတ်မျဉ်းထဲ ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြောက်ကိုရီးယားစစ်သားတွေကို နှင်ထုတ်ဖို့ တောင်ကိုရီးယားစစ်တပ်ဟာ ရံဖန်ရံခါ လော်စပီကာတွေ၊ သတိပေးပစ်ခတ်မှုတွေ အသုံးပြုခဲ့ ပါတယ်။

မြောက်ကိုရီးယားတပ်ဖွဲ့တွေက တင့်ဖျက်အဟန့်အတားတွေ တည်ဆောက်ကာ၊ မိုင်းတွေ တပ် ဆင်ပြီး တင်းမာမှုတွေ မြင့်တက်နေစဉ် နယ်စပ်ကာကွယ်ရေး လုပ်ဆောင်မှုအဖြစ် ယခုဖြစ်စဉ်ကို ရှုမြင် ထားပါတယ်။

“အန္တရာယ်များသော ရန်စမှုတွေ ချက်ချင်း ရပ်ဆိုင်းဖို့ တောင်ပိုင်းနယ်စပ် စီမံခန့်ခွဲရေးနဲ့ လုံခြုံ ရေးဆိုင်ရာ တာဝန်ရှိတဲ့ တပ်မှူးအနေနဲ့ ကျွန်တော် တောင်းဆိုပါတယ်” လို့ မြောက်ကိုရီးယား စစ်ဘက် အရာရှိတစ်ဉီးက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

တောင်ကိုရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်မှုတွေနဲ့ တောင်ကိုရီးယားအစိုးရဟောင်းရဲ့ တင်း မာသောမူဝါဒတွေကြောင့် ကိုရီးယားနှစ်နိုင်ငံကြား ငြိမ်းချမ်းသော ပြန်လည်ပေါင်းစည်းရေး ရည်မှန်း ချက်ကို စွန့်လွှတ်ပြီး ဖွဲ့စည်းပုံအခြေခံဉပဒေမှာ တောင်ကိုရီးယားကို ထာဝရရန်သူအဖြစ် သတ်မှတ်ဖို့ ကင်ဂျုံအန်က ကြေညာခဲ့ပါတယ်။

ကိုးကား – ABC News
Ref; North Korea accuses South of ‘serious provocation’ over border warning shots