
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၃ ရက်
အက်ဖ်ဘီအိုင်အဖွဲ့ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမျိုးသား လုံခြုံရေးအကြံပေး ဟောင်း ဂျွန်ဘော်လ်တန်ရဲ့နေအိမ်ကို စီးနင်းခဲ့တယ်လို့ သိရပါတယ်။
မေရီလန်းပြည်နယ်၊ ဘီသီဒါမြို့ရှိ ဂျွန်ဘော်တန်လ်ရဲ့နေအိမ်ကို ရှာဖွေမှုဟာ အမျိုးသားလုံခြုံရေး စုံစမ်းစစ်ဆေးမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ သိရပါတယ်။
ဂျွန်ဘော်လ်တန်ဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပထမသက်တမ်းအတွင်း ၁၇ လကြာ အကြံပေး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ရာထူးမှ ထုတ်ပယ်ခံခဲ့ရပါတယ်။
အမေရိကန် တရားရေးဝန်ကြီးဌာနက ဂျွန်ဘော်လ်တန်ရဲ့နေအိမ် စီးနင်းမှုကို မှတ်ချက်မပြုပေ မယ့် “ဘယ်သူမှ ဉပဒေအထက်မှာ မရှိဘူး” လို့ အက်ဖ်ဘီအိုင် ဒါရိုက်တာ ကက်ရှ်ပါတဲလ်က လူမှုကွန် ရက် X မှာ ရေးသားခဲ့ပါတယ်။
ဂျွန်ဘော်လ်တန်ရဲ့နေအိမ်ကို အက်ဖ်ဘီအိုင်အဖွဲ့က ဘာကြောင့် စီးနင်းခဲ့တယ်ဆိုတာကို အမေရိ ကန် ဖက်ဒရယ်အာဏာပိုင်တွေက ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
အိမ်ဖြူတော်ရောက်စ အစောဆုံးအချိန်မှာ ဂျွန်ဘော်လ်တန် အပါအဝင် ဒါဇင်နဲ့ချီတဲ့ ထောက် လှမ်းရေး တာဝန်ရှိသူတွေရဲ့ လုံခြုံရေး လျှို့ဝှက်အချက်အလက်တွေကို ဒေါ်နယ်ထရမ့်က ပယ်ဖျက်ခဲ့ပါ တယ်။
အကြံပေးအဖြစ် တာဝန်ယူခဲ့ချိန်က ဂျွန်ဘော်လ်တန်ဟာ အီရန်၊ မြောက်ကိုရီးယားအရေးနဲ့ပတ် သက်လို့ မူဝါဒနဲ့ပတ်သက်လို့ ဒေါ်နယ်ထရမ့်နဲ့ အချင်းများခဲ့ပါတယ်။ ဂျွန်ဘော်လ်တန်ဟာ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ဒုတိယအကြိမ် သမ္မတအဖြစ် ရွေးကောက်ခံရပြီးနောက် သမ္မတရဲ့ လုပ်ပိုင်ခွင့် အာဏာကိုသုံးပြီး နိုင်ငံရေးရန်သူလို့ ယူဆရသူတွေကို ဖိနှိပ်ခဲ့ပါတယ်။
ကိုးကား – Sky News
Ref; FBI raids home of Trump’s former national security adviser John Bolton