ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၂ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် မူးယစ်ဆေးများဖမ်းဆီးရမိသော်လည်း ငွေဖြင့် ညှိနိူင်းကာ ပြန်လွှတ် ပေးမှုများရှိနေကြောင်း စုံစမ်းသိရသည်။

သြဂုတ်လ အစပိုင်းကပုသိမ်နည်းပညာ တက္ကသိုလ်ရှိ ပြင်ပအမျိုးသားအဆောင်တွင် WY ဆေးပြားများ ဖမ်းမိသော်လည်း အမှုမဖွင့်ရန်ငွေကြေးဖြင့် ညှိနိူင်းကာ တစ်ဦးလျှင် ကျပ်သိန်း ၃၀ဖြင့် ပြန်လွှတ် ပေးခဲ့ကြောင်းသိရှိရသည်။

“သုံးစွဲတဲ့ လူငယ်လေးတွေပဲ အဖမ်းခံရတာများနေတယ်။ ဖြန့်ဖြူးတဲ့သူတွေကြတော့ တစ်ခါမှ ဖမ်းမိတာမျိုးမရှိဘူး” ဟု ပုသိမ်မြို့ခံတစ်ဦးမှဧရာ၀တီတိုင်မ်းကိုပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၂ရက်နေ့ကလည်း ရဲတပ်ဖွဲ့မှ ပုသိမ်မြို့ပေါ်ရပ်ကွက်ရှိ ရပ်ကွက်အချို့တွင် WYဆေးပြားများ ဖမ်းမိခဲ့ပြီး ဖမ်းဆီးခံရသူ သုံးဦးအနက် အမျိုးသားတစ်ဦးကိုငွေယူကာ ပြန်လွှတ်ပေးခဲ့သည်ဟု ရဲတပ်ဖွဲ့ နှင့်နီးစပ်သူများထံမှ သိရသည်။

ပုသိမ်မြို့တွင်လူငယ်များအကြား မူးယစ်ဆေးသုံးစွဲမှုမြင့်လာပြီး အဓိက မူးယစ်ဆေးဖြန့်သူများကို ဖော်ထုပ်ဖမ်းဆီးခြင်း မပြုလုပ်ပဲ ငွေဖြင့်ညှိနိူင်းကာပြန်လွှတ်ပေးနေသည့်အတွက် ရာဇဝတ်မှုများပို တိုးပွား လာမည်ကို စိုးရိမ်ကြောင်း မြို့ခံများမှသုံးသပ်ပြောဆိုကြသည်။

ဓာတ်ပုံ-လူမှုကွန်ရက်