ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၂ ရက်

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အောက်တိုဘာလအတွင်းပြုလုပ်မယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲ သို့ တက်ရောက်ဖွယ်မရှိဘူးလို့ သိရပါတယ်။

ကွာလာလမ်ပူမြို့တော်မှာ အောက်တိုဘာလ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ တက်ရောက်ဖို့ မျှော်မှန်းရ ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဒီလအစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

မေလအတွင်း အာရပ်ပင်လယ်ကွေ့ခေါင်းဆောင်တွေနဲ့အတူ အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ တရုတ်ဝန်ကြီးချုပ် လီကျင်းက အောက်တိုဘာလ အာဆီယံထိပ်သီးအစည်းအဝေးမှာ တရုတ်နိုင်ငံကို ကိုယ်စားပြုတက်ရောက်မယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်နှစ်ခုက ပြောပါတယ်။

ဖုန်းပြောဆိုမှုအတွင်း အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ ဒေါ်နယ်ထရမ့်က အတည် ပြုခဲ့ကြောင်း အန်ဝါအီဘရာဟင်က မလေးရှားလွှတ်တော်ကို ပြောကြားခဲ့ပါတယ်။

ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ပါက ၂၀၂၅ ခုနှစ်ကုန်မှာ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမယ်လို့ ဒေါ်နယ်ထရမ့်က ဒီလအစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၁ ရက်အထိ တောင်ကိုရီးယားနိုင်ငံမှာ အေပက်ထိပ် သီးဆွေးနွေးပွဲ ကျင်းပချိန်မှာ ဒေါ်နယ်ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ တွေ့ဆုံနိုင်ဖို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေက ဆွေးနွေးခဲ့ကြပါတယ်။

၂၀၂၅ ခုနှစ် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ ဘရာဇီးသမ္မတ လူးဝစ်လူလာဒါဆေးဗားလ်နဲ့ တောင်အာဖရိကသမ္မတ ဆိုင်ရေးလ်ရာမာဖိုဆာတို့ တက်ရောက်ဖို့ မျှော်လင့်ရကြောင်း အန်ဝါအီဘရာ ဟင်က ဆိုပါတယ်။

ကိုးကား – Reuters
Ref; China’s Xi likely to skip October Asean leaders’ summit, sources say