ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၂ ရက်

ဂါဇာဒေသမှာပြုလုပ်မယ့် စစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အရန်တပ်ဖွဲ့ဝင် ၆၀,၀၀၀ ဆင့်ခေါ်ကာ တပ်ဖွဲ့ဝင် ၂၀,၀၀၀ ရဲ့ စစ်မှုထမ်းကာလကို သက်တမ်းတိုးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

အစ္စရေးနိုင်ငံဟာ လာမယ့်ရက်ပိုင်းအတွင်း ဂါဇာမြို့တော်မှာ နောက်ထပ် စစ်ဆင်ရေးတစ်ခု စ တင်ဖို့ ပြင်ဆင်နေပါတယ်။
ဟားမာစ်အဖွဲ့ လှုပ်ရှားနေတယ်လို့ ယူဆရတဲ့ ဂါဇာမြို့တော်ရှိ နေရာတစ်ချို့မှာ အစ္စရေးစစ်တပ် က စစ်ဆင်ရေး လုပ်ဆောင်မယ်လို့ အမည်မဖော်လိုတဲ့ စစ်ဘက် တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

အစ္စရေးတပ်ဖွဲ့တွေဟာ လက်ရှိမှာ ဂါဇာမြို့တော်ရှိ နေရာအချို့မှာ စစ်ဆင်ရေး ဆောင်ရွက်နေပြီး မြေပြင်ထိုးစစ်ဆင်ဖို့ လာမယ့်ရက်တွေမှာ စစ်ဦးစီးချုပ်ရဲ့ ခွင့်ပြုချက်ရရှိဖို့ မျှော်မှန်းထားတယ်လို့ အဆိုပါ စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

ဥအစ္စရေးစစ်တပ်က ဂါဇာမြို့တော်ကို ဟားမာစ်အဖွဲ့ရဲ့ စစ်ရေးခြေကုပ်နေရာအဖြစ် သတ်မှတ်ပြီး ဟားမာစ်အဖွဲ့ရဲ့ မြေအောက်ဥမင်လိုဏ်ခေါင်းကွန်ရက်ကို ပစ်မှတ်ထားခြေမှုန်းမယ်လို့ ၎င်းက ဆိုပါ တယ်။

အစ္စရေးက ဟားမာစ်အဖွဲ့ အကြီးတန်းခေါင်းဆောင်ပိုင်းကို သုတ်သင်ခဲ့ပေမယ့် ဟားမာစ်အဖွဲ့ ဟာ အင်အားပြန်စုစည်းကာ အစ္စရေးသို့ ဒုံးကျည်နဲ့တိုက်ခိုက်တာ အပါအဝင် တိုက်ခိုက်မှုတွေ လုပ် ဆောင်ခဲ့တယ်လို့ သူက ပြောပါတယ်။ စစ်ဆင်ရေးကို ဘယ်အချိန်မှာ စတင်မယ်ဆိုတာနဲ့ ဘယ်လောက် ကြာမြင့်မယ်ဆိုတာ ရှင်းရှင်း လင်းလင်း မသိရသေးဘဲ စစ်ဆင်ရေးဟာ ၄ လမှ ၆ လအထိ ကြာမြင့် မယ်လို့ ၎င်းက ဆိုပါတယ်။

စစ်ပွဲရဲ့ရည်ရွယ်ချက်က ဓားစာခံတွေ လွတ်မြောက်ဖို့၊ ဟားမာစ်နဲ့ အခြားစစ်သွေးကြွတွေက အစ္စရေး နိုင်ငံကို နောက်တစ်ကြိမ် မခြိမ်းခြောက်စေနိုင်ဖို့ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာ ဟုက ပြောပါတယ်။

ကိုးကား – CBS News
Ref; Israeli military says 60,000 reservists called up for next phase of Gaza war