(စည်းမျဉ်းချိုးဖောက်တဲ့ အမေရိကန်ဗီဇာ ကိုင်ဆောင်သူတွေကို ပြည်နှင်ဒဏ်ပေးမယ်လို့ ဆို)

ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၂ ရက်

အမေရိကန်အစိုးရဟာ အမေရိကန်ဗီဇာ ကိုင်ဆောင်ထားတဲ့ တရားဝင် အခြေချနေထိုင်သူ ၅၅ သန်းကို ပြည်နှင်ဒဏ်ပေးသင့် မသင့် သုံးသပ်မှု စတင်လိုက်ပြီလို့ သိရပါတယ်။

ကမ္ဘာတစ်ဝှမ်းမှ ကမ္ဘာလှည့်ခရီးသွားတွေ အပါအဝင် အမေရိကန်ဗီဇာ ကိုင်ဆောင်သူတွေကို ပြည်နှင်ဒဏ်ပေးမှုအထိ ဖြစ်လာနိုင်တဲ့ ချိုးဖောက်မှုတွေအတွက် စဉ်ဆက်မပြတ် သုံးသပ်မှုပြုလုပ်နေပြီ လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

“အမေရိကန်ဗီဇာ ကိုင်ဆောင်သူတွေဟာ တရားဉပဒေ သို့မဟုတ် လူဝင်မှုကြီးကြပ်ရေး မှတ် တမ်းတွေ ချိုးဖောက်မှုရှိ မရှိ အချက်အလက်အားလုံး ပြန်လည်သုံးသပ်နေပါတယ်” လို့ နိုင်ငံခြားရေးဝန် ကြီးဌာနက ဆိုပါတယ်။

စည်းမျဉ်းချိုးဖောက်ခဲ့တဲ့ မည်သူကိုမဆို ဗီဇာဖျက်သိမ်းဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်ဆင် နေပါတယ်။

သတ်မှတ်ကာလထက် ကျော်လွန်နေထိုင်သူတွေ၊ ရာဇဝတ်မှု ကျူးလွန်သူတွေ၊ လုံခြုံရေး ခြိမ်း ခြောက်သူတွေနဲ့ အကြမ်းဖက်အဖွဲ့မှာ ပါဝင်ခဲ့တဲ့ ဗီဇာကိုင်ဆောင်သူတွေကို အမေရိကန် အာဏာပိုင်တွေ က ရှာဖွေနေပါတယ်။

သုံးသပ်လေ့လာမှုမှာ အမေရိကန်ဗီဇာကိုင်ဆောင်သူတွေရဲ့ မိခင်တိုင်းပြည်မှာ တရားဉပဒေနဲ့ လူ ဝင်မှုကြီးကြပ်ရေးမှတ်တမ်းတွေ စစ်ဆေးတာနဲ့ လူမှုကွန်ရက်အကောင့်တွေကို စောင့်ကြည့်တာ ပါဝင်ပါ တယ်။

ယခုအစီအစဉ်ဟာ ဗီဇာလျှောက်ထားသူအပေါ် လိုအပ်ချက်တေွ တင်းကျပ်ဖို့နဲ့ ကန့်သတ်ဖို့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တွန်းအားပေးမှု တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ သုံးလအထိ နေထိုင်ခွင့်ပြုတဲ့ Visa Waiver Program ရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် ဉရောပနဲ့အာရှတိုင်းပြည် ၄၀ မှ နိုင်ငံသားတွေမှလွဲ၍ လာရောက်လည်ပတ်သူတွေဟာ ပြည်ဝင် ခွင့်ဗီဇာရဖို့ လျှောက်ထားရမှာဖြစ်ပါတယ်။

ကိုးကား – Metro
Ref; Trump administration reviewing 55,000,000 foreigners with visas for possible deportations