
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၁ ရက်
“ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က မဟာမိတ်သုံးဖွဲ့ကို အစည်းအဝေးခေါ်ယူ၍ စစ်ရေး ထောက်ပံ့မှု အကူအညီများရပ်ဆိုင်းတော့မည်ဟု အသိပေးခဲ့ကြောင်း သိရသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ကို စစ်ရေးအရ ထောက်ပံ့ကူညီမှုများအားလုံး ရပ်ဆိုင်းတော့မည်ကို တရားဝင်အသိပေးလိုက်ကြောင်း ဝတပ် သတင်းပြန်ကြားရေး WSTV က ယမန်နေ့ ဩဂုတ် ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲကို ဝတပ်ဖွဲ့ ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အမ်းနှင့် တာဝန်ရှိသူများ၊ TNLA အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်နှင့်အဖွဲ့၊ MNDAA နှင့် SSPP တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ဝ တပ်ဖွဲ့၏ စစ်ရေးကူညီထောက်ပံ့မှု ရပ်ဆိုင်းကြောင်းကို ဦးကျောက်ကော်အမ်းက ကြေညာခဲ့သည်ဟု သိရသည်။
UWSA ၏ အဆိုပါအစည်းအဝေးသို့ အာရက္ခတပ်တော် (AA) ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်ကို တွေ့ရှိရခြင်းမရှိပေ။
“ဝပြည်နယ်က မည်သည့်လက်နက်နှင့် ကိရိယာကိုမျှ ပံ့ပိုးပေးတော့မည်မဟုတ်ကြောင်း စစ်ရေးအရ လွယ်ကူချောမွေ့စေရေး သို့မဟုတ် မည်သည့်အဖွဲ့အစည်းကို မည်သည့်အကြောင်းပြချက် အချိန်မရွေး မည်သည့်နေရာ၌ဖြစ်စေ ငွေကြေးအကူအညီပေးမည်မဟုတ်ကြောင်း” ဝပြည်နယ် ဗဟိုနိုင်ငံရေး ဗျူရိုအမြဲ တမ်းကော်မတီအဖွဲ့ဝင် အစိုးရဒုတိယဥက္ကဋ္ဌ ပြည်ပဆက်ဆံရေးဝန်ကြီး Zhao Guoan က ပြောဆိုခဲ့သည်။
ဝပြည်၏ ယခုကဲ့သို့ဆုံးဖြတ်သည်ကို အများပြည်သူသို့ တရားဝင်ကြေညာမည်ဖြစ်ပြီး အဖွဲ့အစည်း များအနေဖြင့် လက်နက်နှင့်စက်ကိရိယာများ၊ ငွေကြေး အကူအညီများ သို့မဟုတ် အခြားထိုကဲ့သို့သော ကိစ္စရပ်များကို တောင်းဆိုခြင်းဖြင့် ဝပြည်နယ်ကို ထပ်မံ နှောင့်ယှက်ခြင်းမှ ရှောင်ကြဉ်ရန် တိုက်တွန်းအပ်ပါသည်ဟုလည်း ထည့်သွင်းပြောဆိုထားသည်။
တက်ရောက်လာသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့အစည်း သုံးဖွဲ့မှာလည်း ဝ၏သဘောာထားဆုံးဖြတ် ချက်ကို နားလည်သဘောပေါက်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုထားသည်။
လက်ရှိတွင် စစ်ကော်မရှင်က အင်အားအလုံးအရင်းသုံး၍ TNLA သိမ်းပိုက်ထားသည့် ကျောက်မဲမြို့ကို ထိုးစစ်ဆင်လာနေပြီး တိုက်ပွဲများအပြင်းအထန်ဖြစ် ပွားလျက်ရှိသည်။
ထိုသို့ စစ်ကော်မရှင်က မဟာမိတ်အဖွဲ့များသိမ်းထားသည့် နယ်မြေများကို ခြိမ်းခြောက်နေချိန်တွင် ဝတပ် ဖွဲ့ကပါ စစ်ရေးအကူအညီများ အထောက်အပံ့များကို ရပ်ဆိုင်းသွားမည်ဟု ထုတ်ဖေ