ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၁ ရက်

အစ္စရေးခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ပြီး အမေရိကန် တာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေးဖို့ အတိတ်ကာလ ဆုံးဖြတ်ချက်တစ်ရပ်ကြောင့် အမေရိကန်အစိုးရဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တ ရားရုံး (ICC) မှ တရားသူကြီးနှစ်ဉီးနဲ့ ရှေ့နေနှစ်ဉီးတို့ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်ပါတယ်။

ICC ရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန်နဲ့ အစ္စရေးအတွက် အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှု တစ်ခု ဖြစ်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

အမေရိကန်ရဲ့ ICC တရားသူကြီးတွေနဲ့ ရှေ့နေတွေကို ဒဏ်ခတ်ပိတ်ဆို့မှုဟာ ပြင်သစ်နဲ့ ကုလ သမဂ္ဂကို အမျက်ထွက်စေခဲ့ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုတ်သိမ်းဖို့ ပြင်သစ်က အမေရိကန်ကို တိုက်တွန်း ခဲ့ပါတယ်။

အမေရိကန်နိုင်ငံဟာ ပြင်သစ်၊ ဖီဂျီ၊ ဆီနီဂေါနဲ့ ကနေဒါမှ ICC တရားသူကြီးနဲ့ ရှေ့နေ (၄) ဉီးကို ဒဏ်ခတ်ပိတ်ဆို့ခဲ့တယ်လို့ ဘဏ္ဍာရေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

“အမေရိကန်နိုင်ငံဟာ ICC ရဲ့ နိုင်ငံရေးအမြတ်ထုတ်မှု၊ အာဏာအလွဲသုံးစားမှု၊ အချုပ်အခြာအာ ဏာကို မထီမဲ့မြင်ပြုမှု၊ တရားမဝင် တရားရေးရာစီရင်မှုတွေကို ကန့်ကွက်ပါတယ်” လို့ မာကိုရူဘီယိုက ထုတ်ပြန်ချက်အတွင်း ပြောပါတယ်။

ICC တရားသူကြီးတွေက စစ်ရာဇဝတ်မှုနဲ့ ဂါဇာပဋိပက္ခအတွင်း လူသားမျိုးနွယ်စုအပေါ် ကျူး လွန်သော ရာဇဝတ်မှုတွေကြောင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၊ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဟောင်း ယိုအက်ဗ်ဂဲလန့်နဲ့ ဟားမာစ်ခေါင်းဆောင် အီဘရာဟင်အယ်လ်မာဆရီတို့ကို ဖမ်းဝရမ်း တွေ ထုတ်ခဲ့ပါတယ်။

ICC ရှေ့နေတွေဟာ ၂၀၂၀ ပြည့်နှစ်၊ မတ်လမှာ အမေရိကန်တပ်ဖွဲ့တွေရဲ့ အာဖဂန်နစ္စတန်နိုင်ငံ မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စုံစမ်းစစ်ဆေးမှုတစ်ရပ် ဖွင့်လှစ်ခဲ့ပါတယ်။

၂၀၀၂ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ ICC ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လွှဲပြောင်းပေးတဲ့ အ ခြေအနေဆိုပါက အဖွဲ့ဝင်နိုင်ငံတွေမှာဖြစ်ပွားခဲ့တဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်စုအပေါ် ရာဇ ဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေအတွက် တရားစီရင်ပိုင်ခွင့် ရှိပါတယ်။

အဖွဲ့ဝင် ၁၂၅ နိုင်ငံမှာ ICC က စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုနဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုအတွက် တရားစီရင်ပိုင်ခွင့်ရှိပေမယ့် အမေရိကန်၊ တရုတ်၊ ရုရှားနဲ့ အစ္စရေး အပါအဝင် နိုင်ငံ အချို့က ICC ရဲ့ လုပ်ပိုင်ခွင့်အာဏာကို အသိအမှတ်မပြုပါ။

ကိုးကား – Reuters
Ref; Trump administration imposes new sanctions on four ICC judges, prosecutors