ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၁ ရက်

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးပါက အမေရိကန်နိုင်ငံဟာ လုံခြုံရေး အာမခံဖို့ ယူကရိန်းသို့ မြေပြင်တပ်ဖွဲ့တွေ မစေလွှတ်ဘူးလို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပေမယ့် လေ ကြောင်းပစ်ကူ ပေးဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီး၊ ဉရောပခေါင်းဆောင်တွေ၊ အခြားသူတွေနဲ့ အိမ်ဖြူတော်မှာ တွေ့ ဆုံပြီး တစ်ရက်အကြာ အင်္ဂါနေ့က Fox News နဲ့ ဖုန်းအင်တာဗျူးမှာ သူက အခုလို မှတ်ချက်ပြုခဲ့တာပါ။

အမေရိကန်နိုင်ငံက ယူကရိန်းနယ်စပ်ကို ကာကွယ်ပေးဖို့ မြေပြင်တပ်ဖွဲ့တွေ စေလွှတ်ပေးဖို့ အာ မခံချက် ရှိ မရှိ ဒေါ်နယ်ထရမ့်ကို မေးမြန်းခဲ့တာပါ။

ဉရောပနိုင်ငံတွေက မြေပြင်တပ်ဖွဲ့တွေ စေလွှတ်လိုပေမယ့် အမေရိကန်နိုင်ငံက အခြားတိုင်း ပြည်တွေမှာမရှိတဲ့ ပံ့ပိုးကူညီမှု အခန်းကဏ္ဍမှ ပါဝင်နိုင်တယ်လို့ သူက ဆိုပါတယ်။

“အမေရိကန်နိုင်ငံက ယူကရိန်းကို လေကြောင်းပစ်ကူပေးတဲ့ အခန်းကဏ္ဍမှ ပံ့ပိုးကူညီပါမယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

ယူကရိန်းနိုင်ငံအတွက် လုံခြုံရေး အာမခံချက်များဆိုင်ရာ မူဘောင်တစ်ရပ်ကို ၁၀ ရက်အတွင်း လုပ်ဆောင်သွားမယ်လို့ ဇီလန်စကီးက ပြောပါတယ်။

ကိုးကား – NHK
Ref; Trump rules out sending US ground troops for Ukraine’s security