ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၀ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် သြဂုတ်လ ဒုတိယပါတ်မှစတင်ပြီး ရပ်ကွက်နှင့် ကျေးရွာ များတွင် ရွေးကောက်ပွဲအတွက် မဲပေးနည်း များကို တစ်အိမ်တစ်ယောက်နှုန်းဖြင့် တက်ရောက်ခိုင်းနေကြောင်း ဒေသခံများထံက သိရသည်။

ရာအိမ်မှူးများမှ နေအိမ်များကို လိုက်လံခေါ်ယူခြင်းဖြစ်ပြီး စက်ဖြင့်မဲပေးခြင်းအား လူတိုင်းကို ပြသရန်အတွက် မြို့နယ်မှ ညွှန်ကြားထားကြောင်း သိရသည်။

“နေ့ခင်းတစ်နာရီခေါ်လို့ သွားလိုက်ရတယ်။ ဟိုကြ ခုလာမယ့် ရွှေးကောက်ပွဲမှာ မဲပေးရမယ် ၊ မပေးလို့မရဘူးဆိုပြီး စက်တွေနှိပ်ပြတာကို ကြည့်ရတယ်”ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ပုသိမ်မြို့ရှိ ရပ်ကွက်ဓမ္မာရုံများတွင် ရွေးကောက်ပွဲ အသိပညာပေးခေါင်းစဥ်များဖြင့် ပြည်သူများကို ဖိအားပေးခေါ်ယူကာ ပြုလုပ်နေခြင်းဖြစ်ပြီး ပြည်သူ့စစ်၊ ရဲများက လုံခြုံရေးယူပေးကြောင်းသိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်က ရွေးကောက်ပွဲ ပထမတစ်ပိုင်းအဖြစ် လာမည့်ဒီဇဘ်ာ ၂၈ ရက်နေ့တွင် ကျင်းပပေးမည်ဟု ကြေညာထားသည်။