ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၀ ရက်

မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားတပ်ဖွဲ့ကို အမြန်ဆုံး တိုးချဲ့ဖို့ လိုအပ်နေပြီလို့ မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျောင်အန်က ပြောကြားခဲ့ပြီး အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ ကျင့်မှုဟာ စစ်ပွဲစတင်ဖို့ဆန္ဒကို ဖော်ပြတာလို့ ဆိုပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့ဟာ မြောက်ကိုရီးယား နျူကလီးယားခြိမ်းခြောက်မှုတွေ ကို လက်တုံ့ပြန်ဖို့ အဆင့်မြှင့်ထားတဲ့ လက်နက်တွေ စမ်းသပ်တာအပါအဝင် ဒီသီတင်းပတ်အတွင်း ပူးတွဲ စစ်ရေးလေ့ကျင့်မှု စတင်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ယင်းသို့သော ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ကျူးကျော်တိုက်ခိုက်ဖို့ အ စမ်းလေ့ကျင့်မှုတွေအဖြစ် ရှုမြင်ကာ တစ်ခါတစ်ရံ လက်နက်စမ်းသပ်မှုတွေနဲ့ လက်တုံ့ပြန်ပါတယ်။

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ လျှော့ချလိုတယ်လို့ တောင်ကိုရီးယားသမ္မတ လီဂျေမြောင် က ပြောကြားပြီးနောက် “Uchi Freedom Shield” လို့ အမည်ပေးထားတဲ့ ၁၁ ရက်ကြာ စစ်ရေးလေ့ကျင့် မှု စတင်ခဲ့တာပါ။

တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေဟာ မြောက်ကိုရီးယားကို ရန်လိုဖို့နဲ့ ထိပ်တိုက်တွေ့ဆုံဖို့ ရည်ရွယ်ချက်ရှိနေတာ ရှင်းပါတယ်” လို့ တနင်္လာနေ့က ရေတပ်ဖျက်သင်္ဘောတစ် စင်းကို သွားရောက်တဲ့ခရီးစဉ်အတွင်း ကင်ဂျောင်အန်က ပြောပါတယ်။

လုံခြုံရေးပတ်ဝန်းကျင်ကြောင့် မြောက်ကိုရီးယားက နျူကလီးယားတပ်ဖွဲ့ အမြန်ဆုံး တိုးချဲ့ဖို့ လို အပ်ခဲ့ပြီး အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုမှာ နျူကလီးယားလက်နက်တွေ ပါဝင်ခဲ့တယ် လို့ ၎င်းက ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားထိပ်ဖူး ၉၀ အထိ ထုတ်လုပ်နိုင်စွမ်းရှိပြီး နျူကလီးယား ထိပ်ဖူး ၅၀ ခန့်အထိ တပ်ဆင်ပြီးဖွယ်ရှိကြောင်း Federation of American Scientists ရဲ့ ပြီးခဲ့တဲ့နှစ် အစီ ရင်ခံစာတစ်ခုက ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ လာမယ့်နှစ် အောက်တိုဘာလမတိုင်မီ တန်ချိန် ၅၀၀၀ ရှိ Choe Hyon အ တန်းအစား ဖျက်သင်္ဘောတည်ဆောက်ဖို့ စီစဉ်နေပြီး စစ်သင်္ဘောတွေအတွက် ခရုဇ်ဒုံးကျည်တွေ၊ ဝေ ဟင်ခွင်းဒုံးကျည်တွေ စမ်းသပ်နေပါတယ်။

ကိုးကား – Reuters
Ref; North Korea’s Kim calls for rapid nuclear buildup amid US-South Korea exercises