ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၀ ရက်

ယူကရိန်းပဋိပက္ခနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေး ဆောင်ရွက်ရာမှာ တိုးတက်မှုအတွက် အမေရိ ကန်သမ္မတ ဒေါ်နယ်ထရမ့်ကို နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ချီးကျူးခဲ့ပြီး ဂျိုးဘိုင်ဒင်အစိုးရက ယူကရိန်းစစ်ပွဲ အခြေအနေကို ပြောင်းလဲအောင် မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ စွပ်စွဲလိုက်ပါတယ်။

အမေရိကန်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီး ပါဝင်တဲ့ ဉရောပ တာဝန်ရှိသူတွေကြား ဆွေးနွေးမှု တွေအပြီး Fox News ရဲ့ တနင်္လာနေ့ ညနေပိုင်းအစီအစဉ် “Jesse Waters Prime Time” မှာ သူက အခု လို ပြောကြားခဲ့တာပါ။

ဒေါ်နယ်ထရမ့်ကို ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကြား ငြိမ်း ချမ်းရေး သဘောတူညီချက်ကို အကျိုးဆောင်ပေးနိုင်တဲ့ ကမ္ဘာပေါ်ရှိ တစ်ဉီးတည်းသော ခေါင်းဆောင်အ ဖြစ် ၎င်းက ချီးကျူးခဲ့ပါတယ်။

အဆုံးသတ်မှာတော့ ပြည်သူတွေဟာ အစိုးရသစ်လက်ထက်မှာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ကို အမှန်တစ်ကယ် ပြောဆိုနေကြပြီလို့ မာကိုရူဘီယိုက ဆိုပါတယ်။

ဒေါ်နယ်ထရမ့်လက်ထက်မတိုင်မီ ယူကရိန်းစစ်ပွဲဟာ လူသေဆုံးမှုနဲ့ ထိခိုက်ပျက်စီးမှု ကြီးမားခဲ့ ပြီး ဂျိုးဘိုင်ဒင်လက်ထက်မှာ ယူကရိန်းသို့ လက်နက်ထောက်ပံ့တာမှလွဲ၍ မည်သည့်အစီအစဉ်မှ မရှိခဲ့ ဘူးလို့ ၎င်းက ဝေဖန်ခဲ့ပါတယ်။

“သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပူတင်နဲ့ ဇီလန်စကီးကို စကားပြောဆိုနိုင်တဲ့ ကမ္ဘာပေါ်ရှိ တစ်ဉီး တည်းသော ခေါင်းဆောင်ဆိုတာကို ဉရောပခေါင်းဆောင်အားလုံးက ဝန်ခံခဲ့ပါတယ်။ အစိုးရအဖွဲ့မှာ ငြိမ်း ချမ်းရေးကို ဉီးစားပေးတဲ့ ဒေါ်နယ်ထရမ့်လို သမ္မတမျိုးရှိတာကို ကျွန်တော်တို့ ဂုဏ်ယူသင့်ပါတယ်” သူ က ပြောပါတယ်။

ကိုးကား – Fox News
Ref; Rubio hails Trump as ‘only leader in the world’ who can broker Ukraine peace deal after talks