ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၀ ရက်

အိန္ဒိယနဲ့တရုတ်ဟာ ရန်ဘက်တွေ သို့မဟုတ် ခြိမ်းခြောက်မှုတွေဆိုတာထက် မိတ်ဖက်တွေအ ဖြစ် အချင်းချင်း ရှုမြင်သင့်တယ်လို့ နယူးဒေလီမြို့တော်သို့ နှစ်ရက်ကြာ ခရီးစဉ်ရောက်ရှိနေတဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောပါတယ်။

ဝမ်ယိဟာ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ဒုတိယအကြိမ်အဖြစ် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာနဲ့ တွေ့ဆုံခဲ့ပါတယ်။

နှစ်နိုင်ငံဆက်ဆံရေးဟာ ပူးပေါင်းဆောင်ရွက်ဖို့ အပြုသဘောဆောင်တဲ့ အလားအလာတစ်ရပ် ရှိနေပြီလို့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနဲ့ မတွေ့ဆုံမီ ဝမ်ယိက ပြောပါတယ်။

အိန္ဒိယနဲ့တရုတ်ဟာ နှစ်နိုင်ငံဆက်ဆံရေးမှာ ခက်ခဲသောကာလမှ ရှေ့ဆက်လျှောက်လှမ်းဖို့ ကြိုး ပမ်းနေတယ်လို့ ဂျိုင်ရှန်ကာက ပြောပါတယ်။

နှစ်နိုင်ငံကြား နယ်စပ်အငြင်းပွားမှုကို ဖြေရှင်းမယ့် ဆွေးနွေးမှုတွေပြုလုပ်ဖို့ ဝမ်ယိဟာ အိန္ဒိယ အမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ဒိုဗယ်လ်နဲ့ တွေ့ဆုံခဲ့ပါတယ်။

“နယ်စပ်ဒေသတွေမှာ တည်ငြိမ်မှု ပြန်လည်ရရှိကြောင်း သိရှိရတာ ကျွန်တော်တို့ ပျော်ရွှင်ပါ တယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကျွန်တော်တို့ ကြုံတွေခဲ့တဲ့ စိတ်ပျက်စရာတွေက ကျွန်တော်တို့ရဲ့ အကျိုးစီးပွား မဟုတ်ခဲ့ပါဘူး” လို့ အဂျစ်ဒိုဗယ်လ်နဲ့ တွေ့ဆုံချိန်မှာ ဝမ်ယိက ပြောပါတယ်။

ဝမ်ယိရဲ့ နယူးဒေလီခရီးစဉ်ကို နျူကလီးယားလက်နက်ပိုင် အိမ်နီးချင်းနှစ်နိုင်ငံကြား ဆက်ဆံ ရေး ကောင်းမွန်လာတဲ့ လက္ခဏာတစ်ခုအဖြစ် ရှုမြင်ကြပါတယ်။

ဆွေးနွေးမှုတွေထဲမှာ ကမ္ဘာ့ရေးရာဖြစ်စဉ်တွေ ပါဝင်မယ်လို့ တနင်္လာနေ့က ဝမ်ယိနဲ့ မတွေ့ဆုံမီ ဂျိုင်ရှန်ကာက မှတ်ချက်ပြုခဲ့ပါတယ်။

ကိုးကား – BBC
Ref; China and India should be partners, not
adversaries, says foreign minister Wang Yi