
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၉ ရက်
ဒေါ်နယ်ထရမ့် သမ္မတတာဝန်ယူထားသရွေ့ တရုတ်က ထိုင်ဝမ်ကို မကျူးကျော်ဘူးလို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က သူ့ကို ပြောခဲ့တယ်ဆိုသော ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်ကို ထိုင်ဝမ်ကိစ္စဟာ တ ရုတ်ရဲ့ပြည်တွင်းရေးလို့ တရုတ်က လက်တုံ့ပြန်လိုက်ပါတယ်။
ယူကရိန်းအရေး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အလက်စကားပြည်နယ်မှာ ဆွေးနွေးမှုတွေ မ ပြုလုပ်မီ Fox News နဲ့ အင်တာဗျူးမှာ ဒေါ်နယ်ထရမ့်က အခုလို မှတ်ချက်ပြုခဲ့တာပါ။
ထိုင်ဝမ်ဟာ တရုတ်ရဲ့ လွှဲပြောင်းမရသော ပိုင်နက်တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ တရုတ် နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရအမျိုးသမီး မော်နင်က ပေကျင်းမြို့မှာကျင်းပတဲ့ သတင်းစာရှင်း လင်းပွဲမှာ ပြောပါတယ်။
“ထိုင်ဝမ်အရေးဟာ တရုတ်ပြည်တွင်းရေးမျှသာ ဖြစ်ပါတယ်။ ထိုင်ဝမ်အရေးကို ဘယ်လိုဖြေရှင်း မယ်ဆိုတာက တရုတ်ပြည်သူတွေရဲ့ကိစ္စသာ ဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။
“ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီးနဲ့ ငြိမ်းချမ်းသော ပြန်လည်ပေါင်းစည်းမှုဖြစ်ဖို့ ကျွန်မတို့ အ ကောင်းဆုံး ကြိုးစားနေပါတယ်။ ထိုင်ဝမ်ကို တရုတ်နိုင်ငံမှ မည်သည့်နည်းလမ်းနဲ့မှ ခွဲထုတ်ခွင့်ပြုမှာ မ ဟုတ်ပါဘူး” လို့ သူက ဆိုပါတယ်။
အမေရိကန်နဲ့တရုတ်မှ အကြီးတန်း တာဝန်ရှိသူတွေရဲ့ ဆက်သွယ်မှုတွေကို အမြဲ အနီးကပ် စောင့်ကြည့်နေကြောင်း၊ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ထိန်းသိမ်းဖို့ အာရှ-ပစိဖိတ် ဒေသမှာ သိသာသော အကျိုးစီးပွားရှိတဲ့တိုင်းပြည်တွေနဲ့ ထိုင်ဝမ်က ဆက်လက်လက်တွဲမယ်လို့ ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Taiwan ‘issue’ is an internal matter, says China in response to Trump