ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၉ ရက်

နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ပိုမိုကောင်းမွန်စွာ ကိုင် တွယ်နိုင်ဖို့ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့ဟာ တနင်္လာနေ့က ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို စ တင်လိုက်ပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ဒေသတွင်း တင်းမာမှု တိုးလာစေ မယ်လို့ မြောက်ကိုရီးယားနိုင်ငံက သတိပေးခဲ့ပြီး မည်သည့် ရန်လိုမှုကိုမဆို လက်တုံ့ပြန်ဖို့ ကတိပြုခဲ့ပါ တယ်။

Ulchi Freedom Shield လို့ အမည်ပေးထားတဲ့ ၁၁ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ တောင် ကိုရီးယားတပ်ဖွဲ့ဝင် ၁၈၀၀၀ အပါအဝင် တပ်ဖွဲ့ဝင် ၂၁၀၀၀ ပါဝင်ပြီး ကွန်ပြူတာထိန်းချုပ် ကွပ်ကဲရေး စနစ်၊ မြေပြင်လေ့ကျင့်မှုနဲ့ လေ့ကျင့်မယ်လို့ သိရပါတယ်။

စစ်ရေးလေ့ကျင့်မှုဟာ မဟာမိတ်တပ်ဖွဲ့တွေရဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေးထိပ်တိုက်တွေ့ဆုံမှု ရပ်တည်ချက်ကို ပြသခဲ့တယ်လို့ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး နိုကွမ်ချိုလ်က ပြီးခဲ့တဲ့အပတ် မှာ ပြောကြားခဲ့ပြီး မြောက်ကိုရီးယားစစ်တပ်က မည်သည့်ရန်စမှုကိုမဆို တုံ့ပြန်ဖို့ အဆင်သင့်ရှိတယ်လို့ ကြေညာခဲ့ပါတယ်။

ဝါရှင်တန်မြို့တော်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ထိပ်သီးဆွေးနွေးပွဲပြုလုပ်ဖို့ ပြင်ဆင် နေတဲ့ တောင်ကိုရီးယားသမ္မတသစ် လီဂျေမြောင်အတွက် အရေးပါတဲ့ အခိုက်အတန့်ဖြစ်နေချိန်မှာ Ulchi Freedom Shield စစ်ရေးလေ့ကျင့်မှု ပြုလုပ်တာပါ။

မြောက်ကိုရီးယားနိုင်ငံက သံခင်းတမန်ခင်း ဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ လီဂျေမြောင်ရဲ့ တောင်းဆိုချက်ကို ပယ်ချခဲ့တာကြောင့် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်နေဆဲပါ။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျောင်အွန်က လက်နက်အစီအစဉ် အရှိန်မြှင့်ကာ ယူကရိန်း ကျူးကျော်စစ်အပြီး ရုရှားနဲ့ သံတမန်ဆက်ဆံရေး တိုးမြှင့်မှုကြောင့် ပြီးခဲ့တဲ့နှစ်တွေအတွင်း တောင်ကိုရီး ယားနဲ့ ဆက်ဆံရေး အေးစက်လာခဲ့ပါတယ်။

တောင်ကိုရီးယားအစိုးရဟောင်းက အမေရိကန်နဲ့ စစ်ရေးလေ့ကျင့်မှုတွေ တိုးချဲ့ခြင်း၊ အမေရိ ကန်ရဲ့ ပိုမိုခိုင်မာသော အာမခံချက်ရရှိရေး ကြိုးပမ်းခြင်းဖြင့် မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို လက်တုံ့ပြန်ခဲ့ပါတယ်။

တောင်ကိုရီးယားအစိုးရဟောင်းရဲ့ အဆိုပါလုပ်ရပ်တွေက ကင်ဂျောင်အွန်ကို အမျက်ထွက်စေခဲ့ ပြီး မြောက်ကိုရီးယားရဲ့ ဖွဲ့စည်းပုံအခြေခံဉပဒေမှာ တောင်ကိုရီးယားကို အမြဲတမ်း ရန်သူအဖြစ် ထည့် သွင်းစေခဲ့ပါတယ်။

ကိုးကား – AP
Ref; South Korea, US kick off Ulchi Freedom Shield drills with 21,000 troops