
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၉ ရက်
ထိုင်းနိုင်ငံမှ မလေးရှားနိုင်ငံတွင်းသို့ တရားမဝင် ဖြတ်ကျော်ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တဲ့ မြန်မာနိုင် ငံသား (၁၀) ဉီးကို မလေးရှားစစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အမျိုးသား (၄) ဉီးနဲ့ အမျိုးသမီး (၆) ဉီးပါ မြန်မာနိုင်ငံသားတွေဟာ အသက် ၁၉ နှစ်မှ ၃၅ နှစ် အရွယ်ထိဖြစ်ပါတယ်။
မလေးရှားစစ်တပ်ရဲ့ ဖမ်းဆီးမှုအတွင်း မြန်မာနိုင်ငံသားအချို့ကို မြန်မာမှတ်ပုံတင်တွေ၊ နိုင်ငံကူး လက်မှတ်တွေနဲ့ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
မလေးရှား အာဏာပိုင်တွေဟာ မြန်မာနိုင်ငံသားတွေထံမှ မိုဘိုင်းဖုန်းတွေနဲ့ ငွေကြေးအမျိုးမျိုး ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
မစ်ဆူဘီရှိပါဂျဲရိုးကားတစ်စင်းကို မလေးရှား အာဏာပိုင်တွေ တားဆီးရာမှာ သံသယဖြစ်ဖွယ်ရာ လူမှောင်ခိုယာဉ်မောင်းက ထိုင်းနိုင်ငံတွင်းသို့ နောက်ပြန်လှည့်မောင်းနှင်ခဲ့တာဖြစ်ပါတယ်။
တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေထံမှ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေရဲ့ စုစု ပေါင်းတန်ဖိုးဟာ ရင်းဂစ် ၂၁၀၀၀ ကျော်ပါတယ်။
ဖမ်းဆီးမိသူအားလုံးကို ထပ်မံ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ ဂျီလီခရိုင်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေး ခဲ့တယ်လို့ သိရပါတယ်။
ကိုးကား – Bernama
Ref; 10 Myanmar nation