ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၈ ရက်

ပါကစ္စတန်နိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ ရာ လူ ၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေဟာ ပါကစ္စတန်မြောက်ပိုင်းမှာ အဓိက ဖြစ်ပွားခဲ့ပြီး ခိုင်ဘာပက်ခ် တွန်ခွာပြည်နယ်နဲ့ အခြားပြည်နယ်တွေမှာ သေဆုံးသူ ၃၀၀ ကျော်တယ်လို့ ဒေသန္တရမီဒီယာတွေက ဖော် ပြပါတယ်။

ရေပြည့်လျှံနေတဲ့ မြစ်တစ်စင်းမှရေတွေဟာ လူတွေ၊ မော်တော်ကားတွေ ပိတ်မိနေတဲ့ လမ်းမ တစ်စင်းကို လျှံတက်သွားတာကို ရုပ်သံဖိုင်တွေမှာ မြင်တွေ့ရပါတယ်။

နေအိမ်တွေ၊ စာသင်ကျောင်းတွေ ပြိုကျခဲ့ပြီး ဒေသခံအများအပြားကို ဘေးလွတ်ရာရွှေ့ပြောင်း ပေးခဲ့တယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ ရဟတ်ယာဉ်တစ်စင်း ရာသီဉတုဆိုးရွားမှုကြောင့် ပျက်ကျခဲ့ရာ ရဟတ်ယာဉ်ပေါ်ပါသူ ၅ ဉီး သေဆုံးခဲ့ပါတယ်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာလည်း ရေဘေး သင့်ခဲ့ပါတယ်။

မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် အိန္ဒိယထိန်းချုပ် ဂျန်မူးနဲ့ ကက်ရှ်မီး ယားဒေသရှိ ရွာတစ်ရွာမှာ လူ ၆၀ ကျော် သေဆုံးခဲ့ပြီး ၂၀၀ ကျော် ပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။

ကိုးကား – NHK
Ref; Death toll from heavy rain, flooding in Pakistan tops 300