ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၇ ရက်

ဒေါ်နယ်ထရမ့် သမ္မတအဖြစ် တာဝန်ယူထားချိန်မှာ တရုတ်က ထိုင်ဝမ်ကို မကျူးကျော်ဘူးလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောခဲ့ကြောင်း ဒေါ်နယ်ထရမ့်က ပြောပါတယ်။

ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်နဲ့ပတ်သက်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မတွေ့ဆုံမီ Fox News နဲ့ အင်တာဗျူးတစ်ခုမှာ ဒေါ်နယ်ထရမ့်က အခုလို မှတ်ချက်ပြုခဲ့တာပါ။

“ကျွန်တော် သမ္မတတာဝန်ယူသရွေ့ တရုတ်က ထိုင်ဝမ်ကို မကျူးကျော်ဘူးလို့ သမ္မတ ရှီကျင့် ဖျင်က ပြောခဲ့ပါတယ်။ ကျွန်တော် အရမ်း စိတ်ရှည်သည်းခံသလို တရုတ်နိုင်ငံကလည်း စိတ်ရှည်သည်းခံ ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

ထိုင်ဝမ်ခေါင်းစဉ်ဟာ တရုတ်-အမေရိကန် ဆက်ဆံရေးမှာ အရေးပါဆုံးနဲ့ ထိရှလွယ်ဆုံးကိစ္စဖြစ် တယ်လို့ ဝါရှင်တန်မြို့တော်ရှိ တရုတ်သံရုံးက ပြောပါတယ်။

“အမေရိကန်အစိုးရက တရုတ်တစ်နိုင်ငံတည်းမူဝါဒနဲ့ နှစ်နိုင်ငံ သဘောတူညီချက်တွေကို လိုက် နာပြီး ထိုင်ဝမ်အရေးကို နှိုင်းနှိုင်းချိန်ချိန် ကိုင်တွယ်ဖြေရှင်းပြီး ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် နှစ်နိုင် ငံဆက်ဆံရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ကာကွယ်စောင့်ရှောက်သင့်ပါတယ်” တရုတ်သံရုံး ပြောရေး ဆိုခွင့်ရှိသူ လျူပန်ယုက ပြောပါတယ်။

ဒေါ်နယ်ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ဟာ ဇွန်လအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံကာ ရှီကျင့်ဖျင်က သူ့ကို ဖုန်းခေါ်ဆိုခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ဧပြီလအတွင်း ပြောကြားခဲ့ပါတယ်။

တရုတ်က ထိုင်ဝမ်ကို လက်အောက်ခံပိုင်နက်အဖြစ် ရှုမြင်ကာ တရုတ်ပြည်မကြီးနဲ့ ပေါင်းစည်းဖို့ သံန္နိဌာန်ချထားပါတယ်။ တရုတ်ရဲ့ပြောဆိုချက်ကို ထိုင်ဝမ်က အပြင်းအထန် ပယ်ချထားပါတယ်။

အမေရိကန်နိုင်ငံဟာ ထိုင်ဝမ်ရဲ့ အဓိက စစ်လက်နက်ထောက်ပံ့သူနဲ့ နိုင်ငံတကာထောက်ခံသူ ဖြစ်ပေမယ့် ကမ္ဘာ့နိုင်ငံအများစုလို သံတမန်ဆက်ဆံရေး မရှိပါဘူး။

ကိုးကား – Reuters
Ref; Trump says Xi told him China will not invade Taiwan while he is US president