
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၇ ရက်
ဖိလစ်ပိုင်နဲ့ သြစတြေးလျတို့ဟာ တောင်တရုတ်ပင်လယ်မှာ တင်းမာမှုတွေ မြင့်တက်နေစဉ် အ ကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်လိုက်ပါတယ်။
တောင်တရုတ်ပင်လယ်ကို မျက်နှာမူနေတဲ့ ပလာဝမ်ပြည်နယ်မှာ စစ်ရေးလေ့ကျင့်မှုတွေပါဝင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဩဂုတ်လ ၁၅ ရက်မှ ၂၉ ရက်အထိ ပြုလုပ်သွားမယ်လို့ ဖိလစ်ပိုင်စစ်တပ်က ဩဂုတ်လ ၁၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ဖိလစ်ပိုင်နဲ့ သြစတြေးလျမှ တပ်ဖွဲ့ဝင် ၃၆၀၀ အပြင် တော်ဝင်ကနေ ဒါရေတပ်ဖွဲ့နဲ့ အမေရိကန် ကမ်းတက်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေလည်း ပါဝင်မယ်လို့ ဖိလစ်ပိုင်စစ်တပ်က ဆိုပါတယ်။
“ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ၂၀၂၃ ခုနှစ်နောက်ပိုင်း နှစ်နိုင်ငံကြား တပ်ဖွဲ့ဝင်အများဆုံးပါဝင် တဲ့ ကာကွယ်ရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှု စတင်ခြင်းဖြစ်ပါတယ်” လို့ ဖိလစ်ပိုင်စစ်တပ်က ဆက်ပြော ပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ တရုတ်ရဲ့ရန်လိုမှုနဲ့ တောင်တရုတ်ပင်လယ်မှာ ပိုင်နက်နယ်မြေ တောင်းဆိုမှု တွေကို တန်ပြန်ဖို့ မဟာမိတ်တိုင်းပြည်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုပြုလုပ်လာပါတယ်။
မဟာဗျူဟာမြောက် ရေလမ်းကြောင်းရှိရာ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ ပိုင်နက်နယ်မြေ တောင်းဆိုမှုဟာ အိမ်နီးချင်းတိုင်းပြည်တွေနဲ့ အငြင်းပွားမှုတွေ ဖြစ်စေခဲ့ပါတယ်။
တောင်တရုတ်ပင်လယ် နယ်မြေအငြင်းပွားမှုနဲ့ပတ်သက်လို့ သည်ဟိဂ်မြို့တော်ရှိ အနုညာတစီ ရင်ဆုံးဖြတ်ခြင်းဆိုင်ရာတရားရုံးရဲ့ စီရင်ချက်ကိုလည်း တရုတ်က လက်မခံခဲ့ပါဘူး။
ကိုးကား – Bloomberg
Ref; The Philippines and Australia kick off their largest joint drills near South China Sea