
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၆ ရက်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ တရားမဝင်ကာရာအိုကေတစ်ခုကို ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်နေ့ညပိုင်းတွင် ထိုင်းရဲမှ ဝင်ရောက်ဖမ်းဆီးခဲ့ရာ မြန်မာ ၄၁ ဦးမှာ မူးယစ်ဆေးဝါးသုံးစွဲထားသည့်အတွက် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရသည်။
အဆိုပါ ကာရာအိုကေမှာ တရားမဝင်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး သီးသန့် မွေးနေ့ပွဲကျင်းပစဉ် ဝင်ရောက်ဖမ်းဆီးခြင်းခံခဲ့ရကာ ရဲတပ်ဖွဲ့၏ရှာဖွေမှုတွင် Vape အရည်တောင့်များနှင့် တရားမဝင်ပစ္စည်းများကို တွေ့ရှိခဲ့ရကြောင်းလည်း သိရသည်။
ဝင်ရောက်ဖမ်းဆီးမှုအတွင်း မြန်မာနိုင်ငံသား ၆၀ ကျော်ပါဝင်ခဲ့ပြီး ၎င်းတို့ကို မူးယစ်ဆေးဝါး သုံးစွဲမှုရှိမရှိ စစ်ဆေးခဲ့ရာ ၄၁ ဦးမှာ သုံးစွဲထားကြောင်းအဖြေထွက်လာခြင်းဖြစ်သည်။
အဆိုပါ ကာရာအိုကေနှင့် ဘားဆိုင်ပိုင်ရှင်မှာ အသက် ၄၈ နှစ်အရွယ် ထိုင်းလူမျိုးဖြစ်ပြီး တရားမဝင် ဆိုင်ဖွင့်ထားခြင်းဖြစ်ကာ ယခုအခါ သံသယရှိသူအားလုံးကို ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။
ကိုးကား – Bangkok Post