(ပြည်သူထံ အာဏာပြန်အပ်ဖို့ နှစ်ကုန်မှာ ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကော်မရှင် ဆို)

ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၆ ရက်

တရုတ်၊ လာအိုနဲ့ မြန်မာနဲ့ ထိုင်းမှ နိုင်ငံခြားရေးဝန်ကြီးတွေဟာ သောကြာနေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ အန်းနင်မြို့မှာ အလွတ်သဘော တွေ့ဆုံကာ မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ နယ်စပ်ဖြတ် ကျော် ရာဇဝတ်မှုတွေ ပူးတွဲတိုက်ဖျက်ဖို့ ကတိပြုလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် ပထမအကြိမ် အစည်းအဝေးနောက်ပိုင်း မြန်မာနိုင်ငံမှာ တည်ငြိမ်လာခဲ့ပြီး မြေငလျင် အလွန် ပြန်လည်တည်ဆောက်ရေး လုပ်ဆောင်ဖို့၊ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနဲ့ တည်ငြိမ်မှု ကာကွယ်စောင့်ရှောက်ဖို့ လုပ်ဆောင်နေတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောပါတယ်။

မြန်မာနိုင်ငံဉီးဆောင်တဲ့ အဖြေရှာမှုကို လိုက်နာဖို့၊ မြန်မာပြည်သူတွေရဲ့ ရွေးချယ်မှုကို ထောက်ခံ ဖို့နဲ့ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် သဘောထားကွဲပြားမှုတွေကို ဖြေရှင်းဖို့ ၎င်းက တောင်းဆိုခဲ့ပါတယ်။

ပြည်သူတွေရဲ့ သက်မွေးဝမ်းကြောင်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဉီးစားပေးဖို့၊ ပြည်သူတွေ သာယာ ဝပြောရေးနဲ့ မြေငလျင်အလွန် ပြန်လည်တည်ဆောက်ရေးကို ပံ့ပိုးကူညီဖို့၊ ပြည်သူတွေ အကျိုးအတွက် နယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ဝမ်ယိက တိုက်တွန်းခဲ့ပြီး ဒေသတွင်း တည်ငြိမ်မှု ကို ထိခိုက်စေနိုင်တဲ့ ပြည်ပအင်အားစုကိုလည်း ၎င်းက သတိပေးခဲ့ပါတယ်။

နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ရှေ့ ဆက်လုပ်ဆောင်မယ်လို့ စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး ဉီးသန်းဆွေက ကတိပြုခဲ့ပြီး ပြည်သူထံ အာဏာပြန်အပ်ဖို့ နှစ်ကုန်မှာ ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲကျင်းပရေး ပြင်ဆင်နေတယ်လို့ ဆိုပါ တယ်။

မြန်မာကိုယ်တိုင်ဉီးဆောင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ အမျိုးသား ပြန် လည်သင့်မြတ်ရေး အောင်မြင်စေမယ့် ရွေးကောက်ပွဲကို ထောက်ခံတယ်လို့ လာအို နိုင်ငံခြားရေးဝန်ကြီး သောင်ဆာဗန်ဖွန်ဗီဟန်က ပြောပါတယ်။

ပြည်တွင်းရေး မစွက်ဖက်ရေးမူကို အခြေခံပြီး ရွေးကောက်ပွဲကျင်းပနိုင်ရေး မြန်မာနိုင်ငံကို အကူ အညီပေးနိုင်ဖို့ အာဆီယံနိုင်ငံတွေနဲ့ ထိုင်းနိုင်ငံက လက်တွဲဆောင်ရွက်လိုတယ်လို့ ထိုင်း နိုင်ငံခြားရေးဝန် ကြီး မာရစ်ဆန်ဂီယမ်ပွန်ဆာက ပြောပါတယ်။

ကိုးကား – Xinhua
Ref; Foreign ministers of China, Laos, Myanmar, Thailand hold informal meeting