
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၅ ရက်
နယ်စပ်အငြင်းပွားမှု ဖြေရှင်းရာမှာ ထိုင်းနဲ့ကမ္ဘောဒီးယားကို ကူညီဖို့ တရုတ်နိုင်ငံက ထုတ်ဖော် ပြောခဲ့ပြီး နှစ်နိုင်ငံစလုံးရဲ့ ဆန္ဒတွေအပေါ်အခြေခံပြီး အကူအညီပေးဖို့ ကမ်းလှမ်းခဲ့ကြောင်း တရုတ် နိုင် ငံခြားရေးဝန်ကြီး ဝမ်ယိက ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံဟာ ထိုင်းနဲ့ကမ္ဘောဒီးယား တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်တာကို ထောက်ခံပြီး နှစ် နိုင်ငံစလုံးက ယုံကြည်မှု တည်ဆောက်ကာ ချစ်ကြည်ရင်းနှီးမှု ပြန်လည်ရရှိဖို့ မျှော်လင့်ကြောင်း ဝမ် ယိက ပြောကြားခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ယူနန်ပြည်နယ်မှာကျင်းပတဲ့ လန်ချန်-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေး ဘေးပန်းအဖြစ် ၎င်းက ထိုင်းနဲ့ ကမ္ဘောဒီးယားမှ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
တရုတ်-ထိုင်း ရထားလမ်းတည်ဆောက်ရေး အရှိန်မြှင့်ဖို့ တရုတ်ရဲ့ အဆင်သင့်ဖြစ်မှု၊ ထိုင်းနိုင်ငံ မှာ တရုတ်လုပ်ငန်းတွေ ပိုမို ရင်းနှီးမြုပ်နှံဖို့နဲ့ ဒေသတွင်း ထုတ်လုပ်ရေးနဲ့ ထောက်ပံ့ရေးလမ်းကြောင်း တည်ငြိမ်မှုရှိရေး လုပ်ဆောင်ဖို့လည်း ၎င်းက ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံက တရုတ်ကုမ္ပဏီတွေအတွက် ပံ့ပိုးကူညီမှုတွေ ပိုမို ပြုလုပ်ဖို့ မျှော်လင့်ကြောင်း ဝမ်ယိ က ထိုင်း နိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယမ်ပွန်ဆာကို ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှုကို ထောက်ခံကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံရဲ့ အွန် လိုင်း လောင်းကစားနဲ့ ကျားဖြန့်လုပ်ငန်းတွေ နှိမ်နင်းမှို တရုတ်နိုင်ငံက အသိအမှတ်ပြုတယ်လို့ ကမ္ဘော ဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ခ်ဆော့ခွန်နဲ့ တွေ့ဆုံစဉ် ၎င်းက ဆိုပါတယ်။
ဒေသတွင်း နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ တိုက်ဖျက်ရာမှာ ကမ္ဘောဒီးယားနိုင်ငံက ကောင်း မွန်သော အစီအမံတွေလုပ်ဆောင်ဖို့ မျှော်လင့်တယ်လို့ သူက ဆက်ပြောပါတယ်။
ကိုးကား – Reuters
Ref; China says it supports Thailand, Cambodia reconciliation