
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၅ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စည်းကြပ်ခွန်ကိစ္စ ဆွေးနွေးဖို့ ပြီးခဲ့တဲ့လအတွင်း နော်ဝေ ဘဏ္ဍာရေးဝန်ကြီး စတိုလ်တန်ဘဂ်ကို ဖုန်းခေါ်ဆိုချိန်မှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရလိုတဲ့အကြောင်း ပြောခဲ့တယ်လို့ နော်ဝေ စီးပွားရေးသတင်းစာ Dagens Naeringsliv က ယမန်နေ့မှာ ဖော်ပြခဲ့ပါတယ်။
ငြိမ်းချမ်းရေး သဘောတူညီချက်တွေ သို့မဟုတ် အပစ်အခတ်ရပ်စဲရေးမှာ အကျိုးဆောင်ပေးမှု ကြောင့် အစ္စရေး၊ ပါကစ္စတန်နဲ့ ကမ္ဘောဒီးယား အပါအဝင် ကမ္ဘာ့နိုင်ငံများစွာက နိုဘယ်လ်ငြိမ်းချမ်းရေး ဆုအတွက် ဒေါ်နယ်ထရမ့်ကို အဆိုပြုခဲ့ပြီး သူ့အနေနဲ့ အဆိုပါဆုရဖို့ ထိုက်တန်တယ်လို့ ပြောပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ နော်ဝေဝန်ကြီးချုပ် ဂျိုးနတ်စ်စတိုရီနဲ့ ဖုန်းမပြောမီ စည်းကြပ်ခွန်၊ စီးပွားရေး ပူး ပေါင်းဆောင်ရွက်မှုကိစ္စရပ်တွေ ဆွေးနွေးခဲ့တာလို့ စတိုလ်တန်ဘဂ်က ပြောပါတယ်။
နိုဘယ်လ်ဆုအတွက် နှစ်စဉ် ရာနဲ့ချီတဲ့ အဆိုပြုမှုတွေရှိပေမယ့် ၁၉ ရာစု ဆွီဒင်စက်မှုလုပ်ငန်းရှင် အဲဖရက်နိုဘယ်လ်ရဲ့ သေတမ်းစာအရ နော်ဝေလွှတ်တော်က ခန့်အပ်တဲ့ အဖွဲ့ဝင် (၅) ဉီးပါ နော်ဝေ နို ဘယ်လ်ဆုကော်မတီက နိုဘယ်လ်ဆုရရှိသူတွေကို ရွေးချယ်ပါတယ်။
နိုဘယ်လ်ဆုရရှိသူတွေကို အောက်တိုဘာလအတွင်း နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ ကြေညာ တယ်လို့ သိရပါတယ်။
နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ်ဟောင်း စတိုလ်တန်ဘဂ်နဲ့ ဖုန်းပြောဆိုချိန်မှာ နိုဘယ်လ်ငြိမ်း ချမ်းရေးဆု ရရှိလိုကြောင်း ဒေါ်နယ်ထရမ့်က ထုတ်ပြောခဲ့တာ ပထမဆုံးအကြိမ်မဟုတ်ဖူးလို့ Dagens Naeringsliv က ဆိုပါတယ်။
ဉရောပသမဂ္ဂအတိုင်း နော်ဝေမှ သွင်းကုန်တွေအပေါ် ၁၅ ရာခိုင်နှုန်း စည်းကြပ်ခွန်ကောက်ခံမယ် လို့ အိမ်ဖြူတော်က ဇူလိုင်လ ၃၁ ရက်မှာ ကြေညာခဲ့ပါတယ်။
နော်ဝေနဲ့ အမေရိကန်နိုင်ငံတို့ဟာ စည်းကြပ်ခွန်ကိစ္စ ဆွေးနွေးနေဆဲလို့ စတိုလ်တန်ဘဂ်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Trump told Norwegian minister he wants Nobel Prize, newspaper says