
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၅ ရက်
အလက်စကားပြည်နယ်မှာပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲအပြီး ရုရှားသမ္မတ ဗလာဒီမာပူတင် က စစ်ပွဲရပ်တန့်ဖို့ သဘောမတူရင် ရုရှားနိုင်ငံက ပြင်းထန်သော အကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်ပါတယ်။
ဉရောပခေါင်းဆောင်တွေ၊ ယူကရိန်းသမ္မတ ဇီလန်စကီးတို့နဲ့ အွန်လိုင်းတွေ့ဆုံမှုအပြီး ဝါရှင်တန် မြို့တော်၊ ကန်နက်ဒီစင်တာမှာပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ဒေါ်နယ်ထရမ့်က အခုလို ခြိမ်းခြောက်ခဲ့ တာပါ။
ဂျာမနီဝန်ကြီးချုပ် ဖရက်ဒရစ်မာ့ဇ် စီစဉ်တဲ့ အဆိုပါတွေ့ဆုံမှုအတွင်း ၎င်းတို့ဟာ ငြိမ်းချမ်းရေးရ ရှိရေးနဲ့ ပိုင်နက်နယ်မြေကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
ရုရှားနိုင်ငံက စည်းကြပ်ခွန်နဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရင်ဆိုင်ရမှာလားလို့ မေးမြန်းရာမှာ “အ ကျိုးဆက်တွေ ရှိလာပါလိမ့်မယ်။ ဒါပေမယ့် ဘယ်လိုအကျိုးဆက်တွေလဲဆိုတာ မပြောပြပါဘူး” လို့ ဒေါ် နယ်ထရမ့်က ဖြေကြားခဲ့ပါတယ်။
ပူတင်နဲ့တွေ့ဆုံမှုက အဆင်ပြေပါက ပူတင်၊ ဇီလန်စကီးနဲ့ ၎င်းကြား ဒုတိယအကြိမ် တွေ့ဆုံမှု ပြုလုပ်မယ်လို့ ဒေါ်နယ်ထရမ့်က ဆက်ပြောပါတယ်။
မည်သည့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုမှာမဆို ယူကရိန်းနိုင်ငံက ပါဝင်ရမယ်ဆိုတဲ့ ရပ် တည်ချက်ကို ဇီလန်စကီးက ငြင်းဆန်ခဲ့ပေမယ့် သုံးပွင့်ဆိုင် ဆွေးနွေးလိုတယ်လို့ ပြောပါတယ်။
ကိုးကား – NHK
Ref; Trump warned Russia will face ‘severe consequences’ if it won’t stop war