
ဧရာတတီတိုင်းမ်
ဩဂုတ် ၁၄ ရက်
ဧရာ၀တီတိုင်း ၊ ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် သြဂုတ် ၁၄ ရက်နေ့အထိ လူငယ် ၁၀ ဦးခန့်ကို အုပ်ချုပ်ရေးမှူးများက ကြိုတင်အသိပေးခြင်းမရှိပဲ စစ်မှုထမ်းရန် အဓမ္မဖမ်းဆီးခေါ် ဆောင်ခြင်းခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
ပုသိမ်မြို့နယ်ရှိ ကြခတ်ကုန်းကျေးရွာ၊ ကိုးဆူကျေးရွာ၊ ကင်မလင်းကျွန်းရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ ကြက်ပေါင်ကျေးရွာ၊ ဂွေးကုန်းကျေးရွာနှင့်ပေါက်ကုန်းရွာများတွင် လူငယ်များကို တပ်နှင့်အုပ်ချုပ်ရေး အဖွဲ့များက စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“အိမ်ကိုလာပြီးစစ်မှုထမ်းပါတယ်ဆိုပြီး၀င်ဆွဲတာ ၊ လိုက်တွေ့လို့လဲမရဘူး “ဟု ပုသိမ်ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင်ခေါ်ဆောင်ခံရသူ လူငယ်များကို မြို့နယ်များရှိ စစ်ကော်မရှင်လက်အောက်ရှိ တပ်များတွင် ခေါ်ဆောင်ထားပြီး မိသားစုနှင့်အဆက်အသွယ်မရပဲ စစ်သင်တန်းဆင်းမှ ဆက်သွယ်ခွင့်ရမည်ဟု သိရှိရသည်။
စစ်ကော်မရှင်သည် ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ရန် တပ်ဖွဲ့ဝင်အင်အား လုံလောက်မှုမရှိသည့်အတွက် ဧရာ၀တီတိုင်းအပါအ၀င် အခြားတိုင်းနှင့်ပြည်နယ်များတွင် လူငယ်များကို အဓမ္မဝင်ရောက်ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်နေပြီး ယုအခါ စစ်သင်တန်း အပတ်၁၆ အတွက် ပြင်ဆင်နေကြောင်း သိရသည်။
ဓာတ်ပုံ- ပုံဟောင်း