ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၄ ရက်

တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွား စကားဘရော့သောင်စွယ်အနီး မောင်းနှင်ခဲ့တဲ့ အမေ ရိကန် ဖျက်သင်္ဘောတစ်စင်းကို စောင့်ကြည့်ကာ မောင်းထုတ်ခဲ့တယ်လို့ တရုတ်စစ်တပ်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားပါတယ်။

တရုတ်သင်္ဘောတွေဟာ အန္တရာယ်များသော စစ်ရေးလေ့ကျင့်မှုတွေနဲ့ ဉပဒေနဲ့မညီညွတ်သော စွက်ဖက်မှုတွေပြုလုပ်ခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံက စွပ်စွဲခဲ့ပြီး နောက်တစ်ရက်မှာ ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ တာပါ။

အမေရိကန်ဖျက်သင်္ဘော USS Higgins ဟာ တရုတ်အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ ဗုဒ္ဓဟူးနေ့က ရေ ပိုင်နက်အတွင်း ဝင်ရောက်ခဲ့တယ်လို့ တရုတ်စစ်တပ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

အမေရိကန်နိုင်ငံရဲ့လုပ်ရပ်ဟာ တရုတ်ရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ချိုးဖောက်ခဲ့ပြီး တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်စေခဲ့တယ်လို့ တရုတ်စစ်တပ်က ပြောပြီး အမြင့်ဆုံးတပ်လှန့်ဖို့ ကတိပြုလိုက်ပါတယ်။

တရုတ်ရဲ့ထုတ်ပြန်ချက်က မှားယွင်းနေကြောင်း၊ အမေရိကန်ဖျက်သင်္ဘော USS Higgins ဟာ အပြည်ပြည်ဆိုင်ရာဉပဒေနဲ့အညီ စကားဘရော့သောင်စွယ်အနီး လွတ်လပ်သော ရေကြောင်းမောင်းနှင် မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ရေတပ်ဖွဲ့က တုံ့ပြန်ပြောဆိုပါတယ်။

“အပြည်ပြည်ဆိုင်ရာဉပဒေ ခွင့်ပြုတဲ့ ဘယ်နေရာအဆို ပျံသန်းခွင့်၊ မောင်းနှင်ခွင့်ကို အမေရိကန် နိုင်ငံက ခုခံကာကွယ်မယ်။ တရုတ်နိုင်ငံက အဲဒီအခွင့်အရေးကို ဟန့်တားလို့မရပါဘူး” လို့ အမေရိကန် ရေတပ်ဖွဲ့က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

အမေရိကန်နိုင်ငံဟာ ပိုင်နက်နယ်မြေ အငြင်းပွားမှုတွေ ဖြစ်ပွားနေတဲ့ တောင်တရုတ်ပင်လယ်အ တွင်း လွတ်လပ်သော ရေကြောင်းမောင်းနှင်မှု ပုံမှန် ပြုလုပ်လေ့ရှိပါတယ်။

စကားဘရော့သောင်စွယ်ဟာ နှစ်စဉ် ဒေါ်လာ ၃ ထရီလီယံကျော် ကုန်သွယ်မှုပြုလုပ်ရာမှာ သင်္ဘောတွေအတွက် အရေးပါတဲ့ လမ်းကြောင်းတစ်ခုဖြစ်တာကြောင့် ဒေသတွင်းနိုင်ငံတွေကြား တင်း မာမှုတွေ အဓိကဖြစ်ရာနေရာ ဖြစ်ပါတယ်။

ကိုးကား – Reuters
Ref; China, US trade barbs over destroyer passage near Scarborough Shoal