
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၄ ရက်
ယခုလ ၁၈ ရက်မှာစတင်မယ့် အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု မစတင်မီ စစ်တပ်က အမြောက်ပစ်လေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ မြောက်ကိုရီးယားမီဒီယာတွေက ဖော်ပြပါ တယ်။
အမြောက်တပ်ဖွဲ့က တနင်္လာနေ့မှာ ပစ်ခတ်ခြင်းလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ မီဒီယာတွေ က အင်္ဂါနေ့မှာ ဖော်ပြခဲ့ပြီး အလုပ်သမားပါတီ၊ ဗဟိုစစ်ကော်မရှင် ဒုတိယဉက္ကဌ ပတ်ခ်ဂျောင်ချွန်က အ ခြား တာဝန်ရှိသူတွေနဲ့အတူ စစ်ရေးလေ့ကျင့်မှုကို ကြီးကြပ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ပွဲအတွက် အပြည့်အဝ ပြင်ဆင်ဖို့ အစီအစဉ်နဲ့အညီ အမြောက်ပစ်လေ့ကျင့်ခဲ့တာဖြစ်ပြီး အ မြောက်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို အတည်ပြုခဲ့တယ်လို့ မြောက်ကိုရီးယားမီဒီယာတွေက ဆိုပါတယ်။
အမြောက်ပစ်လေ့ကျင့်မှုဟာ စစ်တပ်ရဲ့ တိုက်ပွဲဝင်လိုစိတ်၊ တိုင်းပြည်ရဲ့ လုံခြုံရေးနဲ့ အချုပ်အ ခြာအာဏာပိုင် ကာကွယ်မှုကို ပြသခဲ့တာလို့ မြောက်ကိုရီးယားမီဒီယာတွေက ပြောပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ဩဂုတ်လ ၁၈ ရက်မှစတင်ကာ ကိုရီးယားကျွန်းဆွယ်မှာ အရေးပေါ်အခြေအနေ ပုံစံတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ မည်သည့် ရန်စမှုကိုမဆို ခုခံကာကွယ်ပိုင်ခွင့် ကျင့်သုံးမယ်လို့ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး နိုကွမ်ချိုလ်က နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ အမြောက်ပစ်လေ့ကျင့်မှုဟာ အမေရိကန်နဲ့ တောင်ကိုရီးယားစစ်တပ်တွေရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေအတွက် တန်ပြန်အစီအမံတွေလို့ တောင်ကိုရီးယားမီဒီယာတွေက ဖော်ပြပါ တယ်။
ကိုးကား – NHK
Ref; North Korea conducts artillery drill before US-South Korea military exercises