
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၃ ရက်
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ဩဂုတ်လ ၁၃ ရက်နေ့အထိ အကြမ်းဖက် စစ်အုပ်စုကြောင့် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူ စုစုပေါင်းမှာ ၇,၀၆၃ ဦးအထိ ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်သည်။
AAPP၏ ထုတ်ပြန်ချက်အရ မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၉,၅၃၈ ဦးရှိခဲ့ပြီး လက်ရှိအချိန်ထိ ၂၂,၂၉၇ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်သည်။ ထိန်းသိမ်းခံနေရသူများ အနက်မှ ၁၀,၉၇၅ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်းသိရသည်။
ယခုဖော်ပြချက်သည် AAPP အနေဖြင့် လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အမှန်တကယ်အရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း လည်း ဆိုထားသည်။
၂၀၂၅ ဇွန်လ ၁ ရက်နေ့မှ ဩဂုတ် ၁၃ ရက်နေ့အထိ စစ်အုပ်စု၏ ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့ရသူ စုစုပေါင်း ၃၄ ဦး (အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၁ ဦး) ရှိခဲ့ပြီး စစ်ကိုင်းတိုင်းတွင် သေဆုံးသူ ၁၂ ဦးရှိခဲ့ပြီး သေဆုံးမှု အများဆုံးဒေသဖြစ်ကြောင်း AAPP က အတည်ပြုနိုင်ခဲ့သည်။
ဩဂုတ် ၉ ရက်နေ့တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဗလုံကျေးရွာကို အင်အား ၁၀၀ ခန့်ပါဝင်သော စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်လာ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်စဉ် ကိုခိုင်လင်းသည် စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး ဖမ်းဆီးခေါင်းဖြတ်သတ်ဖြတ်ခြင်း ခံခဲ့ရသည်ဟု AAPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – စစ်တပ်၏ ပစ်ခတ်မှုကြောင့် ၂၀၂၁ ဖေဖော်ဝါရီအတွင်းက နေပြည်တော်တွင် ကျဆုံးခဲ့သည့် မမြသွဲ့သွဲ့ခိုင်၏နာရေးမြင်ကွင်းစစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုကြောင့် သေဆုံးသူ ၇,၀၀၀ ကျော်အထိရှိလာပြီး ဖမ်းဆီးခံရသူ ၃၀,၀၀၀ နီးပါးရှိ
မှုကြောင့် ၂၀၂၁ ဖေဖော်ဝါရီအတွင်းက နေပြည်တော်တွင် ကျဆုံးခဲ့သည့် မမြသွဲ့သွဲ့ခိုင်၏နာရေးမြင်ကွင်း