
နဝဒေးတံတားပေါ်မှ ခုန်ချခဲ့သည့် သားအမိ ၂ ဦး၏ ရုပ်အလောင်းကို ငါးရက်မြောက်နေ့အဖြစ် ဆက်လက်ရှာဖွေနေ
ဧရာဝတီတိုင်းမ်
(ပြည်) ၊ စက်တင်ဘာလ ၁ ရက်
ပဲခူးတိုင်း၊ ပြည်မြို့တွင် နဝဒေးတံတားပေါ်မှခုန်ချခဲ့သည့် သားအမိနှစ်ဦး၏ ရုပ်အလောင်းကို ငါးရက်မြောက်နေ့အဖြစ် ရှာဖွေရေးများဆက်လုပ်နေကြောင်း ကူညီကယ် ဆယ်ရေးဆောင်ရွက်ပေးနေသူများထံကသိရသည်။
ဒေသတွင်းရေနစ်သူကူညီကယ်ဆယ်ရေးအသင်းနှင့် ပြည်မြို့ ပရဟိတပါရမီ ကယ်ဆယ်ရေးအဖွဲ့တို့မှဦးဆောင်ကာ ရပ်မိရပ်ဖများ ၊မိသားစုဝင်များကငါးရက်မြောက်နေ့ အဖြစ် ယနေ့စက်တင်ဘာလ(၁)ရက်နေ့ ၊ နံနက်(၆)နာရီအချိန်မှ စတင်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
”ဒီနေ့တော့ စက်လှေ ၃စီးနဲ့ အစုန်ဘက်ကို သွားပြီးရှာနေကြတယ် ။ ရွှေတောင်၊ကျီးသဲနားအထိရောက်အောင် သွားပြီးရှာနေကြတယ်။မြစ်ရေကလည်းတက် ရေစီးက သန်နေတော့ ထင်သလောက်တော့ မရှာနိုင်ဘူး ။ ကယ် ဆယ်ရေးအသင်းတွေနဲ့ အတူ ရပ်ကွက်ထဲက အသိ မိတ်ဆွေတွေကပါ ဝိုင်းဝန်းရှာဖွေပေးနေကြပါတယ် ”ဟု မိသားစုဝင်တစ်ဦးက
ဧရာဝတီတိုင်းမ်ကိုပြောသည် ။
ပြည်မြို့ ၊ မြို့သစ်ရပ် ၊ ၁၂လမ်း (၇)ကွက်နေ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ အသက် ၃နှစ်အရွယ်သမီးနှင့်အတူ ပြီးခဲ့သည့် သြဂုတ်လ ၂၈ရက် ညနေ(၃)နာရီ ဝန်းကျင်တွင် နဝဒေး တံတားပေါ်မှ ခုန်ချသွားခြင်းဖြစ်ကြောင်း ဒေသခံများထံကသိရသည်။
ဓာတ်ပုံ – သြဂုတ်လ ၃၁ ရက်နေ့ကရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေစဥ်။
#AyeyarwaddyTimes