
တကျော့ပြန်ကိုဗစ် မြန်မာနိုင်ငံမှာ လူနာ ၁၀၀ ကျော်တွေ့ရှိ
မြန်မာနိုင်ငံမှာ ဩဂုတ်လ ၃၁ ရက်နေ့ ၁ နေ့ထဲမှာ ကိုဗစ်အတည်ပြုလူနာ ၁၀၄ ဦးထိတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကိုဗစ်ရောဂါတွေ့ရှိတဲ့သူတွေထဲမှာ ပြည်ပနိုင်ငံတွေကနေ ပြန်လာတဲ့သူ ၈ ဦးပါဝင်ပြီး ကျန်တဲ့သူတွေအားလုံးက ပြည်တွင်းမှာ ကူးစက်ခံရတဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။
#AyeyarwaddyTimes