စစ်ကောင်စီတပ်သားတွေကို သက်စွန့်စရိတ် (MHRA) ၂ သောင်း တိုးပေး၊ PDF ပစ်လို့သေရတာချင်းအတူတူ ခံစားခွင့်မမျှတဘူးလို့ ရဲအသိုင်းအဝိုင်းဝေဖန်

ညိမ်းသော် / ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁ ရက်

အာဏာသိမ်းစစ်ကောင်စီက ၄င်းတို့လက်အောက်ခံ စစ်ကောင်စီတပ်သားတွေရဲ့ သက်စွန့်တာဝန်စရိတ် (MHRA) ကိုသြဂုတ်လကုန်ကနေစလို့ ၂ သောင်းကျပ်တိုးမြှင့်ပေး တယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံကသိရပါတယ်။

ယခင် MHRA အဖြစ်စစ်ကောင်စီတပ်သားတွေက တရက်ကို ၃၃၀ ကျပ်နှုန်းနဲ့ ကျပ် ၁ သောင်းရရှိတာဖြစ်ပြီး စစ်ကောင်စီက ၂ သောင်းတိုးမြှင့်ပေးတာကြောင့် သက်စွန့်စရိတ်အဖြစ် ၁ ရက်ကို ၁၀၀၀ ကျပ်နှုန်းနဲ့ ၃ သောင်းရရှိမှာဖြစ်တယ်လို့သိရပါတယ်။

” ဒီသြဂုတ်ကုန်ကစပြီး သက်စွန့်စရိတ် ၂ သောင်းတိုးတာပေါ့ ၊အရင်က ၁သောင်းဘဲရတာ၊အခုက ၂ သောင်း တိုးပေးတော့ ၃ သောင်းရမှာပေါ့။ ဆိုင်ကယ်ဆီဖိုးလောက်တော့ ရတာပေါ့” လို့ တပ်အမည်မဖော်မလိုတဲ့ ပုသိမ်မြို့အခြေစိုက်တပ်ရင်းတခုရဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီဟာ ၄င်းတို့လက်အောက်ခံစစ်သားတွေကို သက်စွန့်စရိတ် ၃ သောင်းကျပ်ပေးပြီး ရဲတပ်ဖွဲ့ဝင်တွေကို သက်စွန့်စရိတ် ၁ သောင်းကျပ်သာ ပေးတာဟာ တိုက်ပွဲဖြစ်လို့သေရတာခြင်းအတူတူ မျှတမှုမရှိဘူးလို့ ရဲအသိုင်း အဝိုင်းကဝေဖန်ပါတယ်။

” ခုချိန်မှာက ကျနော်တို့ရဲတွေက အသက်အန္တရာယ်ပိုတောင်နီးသေးတယ်။ သူတို့(စစ်ကောင်စီတပ်သား)တွေလောက်လဲ လက်နက်၊ကျည်ကာပြည့်စုံတာမဟုတ်ဘူး။ PDF က ရဲမို့လို့၊ MHRA ၁ သောင်းဘဲရလို့ဆိုပြီး ရှောင်ပြီးပစ်မှာမဟုတ်ဘူး။ လစ်တာနဲ့အကုန်အပစ်ခံရမှာ။ တိုက်ပွဲဖြစ်လို့ အပစ်ခံရလို့အသက်စွန့်ပြီး သေရတာချင်းအတူတူ ရဲကို ၁

သောင်းဘဲပေးတာကတော့မမျှတဘူး။ ၁ သောင်းကလည်း ဖုန်းဘေလ်တပတ်လောက်ဘဲသုံးလို့ရတာ။ သေမှ ရဲဗလဆိုပြီတံဆိပ်လေးပေးဦးမယ် ” လို့ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်အတွင်းက လုံခြုံ ရေးအရအမည်မဖော်လိုတဲ့ရဲတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ လက်နက် ကိုင်ခုခံတော်လှန်မှုတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ရဲတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေပါ တိုက်ခိုက်ခံရပြီးသေဆုံးတာတွေက နေ့စဥ်နီးပါးကြုံတွေ့နေရတာပါ။

အဲ့ဒီလိုရဲတွေသေဆုံးနေရလို့ အာဏာသိမ်းစစ်ကောင်စီက ရဲတပ်ဖွဲ့ဝင်တွေကို ဇူလိုင်လ ၂၅ ရက်နေ့က သက်စွန့်တာဝန်စရိတ်အတွက် ကျပ် ၁ သောင်း လစဥ်ထောက်ပံ့မယ်လို့ထုတ်ပြန်ခဲ့ပြီး အာဏာသိမ်းပြီးတဲ့နောက် တိုက် ခိုက်ခံရလို့သေဆုံးသွားတဲ့ရဲတွေကိုလည်း ရဲစွမ်းဆောင်ရည်စုတွေချီးမြှင့်ပြီး နှစ်သိမ့်နေတယ်လို့ ရဲတပ်ဖွဲ့အသိုင်း အဝိုင်းထံကသိရပါတယ်။

စစ်အာဏာသိမ်းပြီး တနှစ်ကျော်အကြာ စစ်ကောင်စီက သူတို့လက်အောက် စစ်ကောင်စီတပ်သား၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ Non CDM ဝန်ထမ်းတွေကို စည်းရုံးရေးအနေနဲ့ စရိတ်ငွေအဖြစ် ၇ ထောင်ကျပ်မှ ၂ သောင်းကျပ်အထိ ထောက်ပံ့စည်းရုံးနေပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ကုန်စျေးနှုန်းကြီးမှုတွေနဲ့ငွေကြေးဖောင်းဖွမှုတွေကြောင့်

၄င်းတို့စစ်ကောင်စီလက်အောက်ခံဝန်ထမ်းမိသားစုတွေ၊ စစ်တပ်ထောက်ခံတဲ့သူတွေလည်း ကျပ်တည်းမှုတွေနဲ့ရင့ဆိုင် နေရတာပါ။

#AyeyarwaddyTimes