လက်နက်အပြည့်အစုံဖြင့် CDM ဝင်လာသည့် ရဲတပ်သားကို Th Youth Force (Saw&Kyaukhtu) တပ်ဖွဲ့က သိန်း ၇၀ ဖြင့် ဂုဏ်ပြုချီးမြှင့်
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁ ရက်
မကွေးတိုင်း၊ ဆောမြို့ ရဲစခန်းမှ ရဲတပ်သားတစ်ဦး ယမန်နေ့ သြဂုတ်လ ၃၁ ရက်နေ့က Th Youth Force (Saw&Kyaukhtu) အဖွဲ့ထံ လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်လာသည့် ရဲတပ်သားကို ငွေကျပ် သိန်း ၇၀ ဖြင့် ဂုဏ်ပြုချီးမြှင့် ပေးခဲ့ကြောင်း Th Youth Force (Saw&Kyaukhtu) တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
အဆိုပါ ဆောမြို့ ရဲစခန်းမှ ရဲတပ်သား ကိုဉာဏ်မင်းသည် ၂၀၁၇ ခုနှစ်မှစတင်ကာ ရဲတပ်သားတာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် CDM ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ၎င်းနှင့်အတူ ဗုံးသီး ၄ လုံး ၊ ကျည် ၃၀၀ တောင့် ၊ G3 တစ်လက် ၊ ကျည်ဘောက် ၂ ခုဖြင့် CDM ပြုလုပ်ခဲ့သည်ဟု
Th Youth Force (Saw&Kyaukhtu)က ထုတ်ပြန်ထားသည်။
#Ayeyarwaddy_Times