စစ်ကောင်စီတပ်ရဲ့နယ်စပ်စစ်စခန်းတခုကို AA သိမ်း ပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁ ရက်
ရက္ခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဘင်္ဂလားဒေ့ရှ်နယ် စပ်၊ မိုင်တိုင်အမှတ် ၄၀ ရှိ စစ်ကောင်စီတပ်ရဲ့ တပ်စခန်းတခုကို သြဂုတ်လ ၃၁ ရက် မနေ့က သိမ်းပိုက်ရရှိခဲ့တယ်လို့ ရက္ခိုင်တပ်တော်-AA ဘက်က သတင်းထုတ်ပြန်ပါတယ်။
အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံးခဲ့ပြီး ၁ ဦးသာအရှင်ဖမ်းဆီးရမိခဲ့ကာ စစ်လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရရှိခဲ့ပြီး တပ်စခန်းအတွင်း အရင်ရက်တွေက သေဆုံးလို့မြုပ်နှံထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ရုပ်အလောင်းတွေလည်း တွေ့ရှိတယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကျည်ကြောင့် ရက္ခိုင်ပြည်သူတွေအသက်သေဆုံးခဲ့ရတဲ့အပေါ် လက်တုန့်ပြန်တဲ့အနေနဲ့အခုလိုစခန်းသိမ်းတိုက်ပွဲကိုတိုက်ခိုက်တာလို့ ဖော်ပြပါတယ်။
ဒါ့အပြင် သြဂုတ်လ( ၃၁) ရက် မနေ့ နေ့လယ် (၂) နာရီ (၄၀) မိနစ်အချိန်မှာလည်း ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာ၏ အနောက်ဖက် မီတာ (၅၀၀) ခန့်အကွာအဝေးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ (၁၀) ဦး မျက်မြင်သေဆုံးခဲ့ပြီး ညနေ (၅) နာရီအထိနှစ်ဖက်အပြန် အလှန် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
#AyeyarwaddyTimes