ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၃ ရက်

ဖြုတ်ချခံသမ္မတ ယွန်ဆတ်ခ်ယိုလ်ရဲ့ ဇနီးသည်ဟာ လာဘ်ပေးလာဘ်ယူမှုစွဲချက်၊ အခြားစွပ်စွဲ ချက်တွေနဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ တောင်ကိုရီးယားမီဒီယာတွေက ဖော်ပြပါတယ်။

တောင်ကိုရီးယားသမ္မတဟောင်းရဲ့ ဇနီးသည် ကင်ကွန်ဟီအတွက် ဖမ်းဝရမ်းတစ်ခု ထုတ်ခဲ့တယ် လို့ အထူးတရားရုံးက အင်္ဂါနေ့နှောင်းပိုင်းမှာ ကြေညာခဲ့ပါတယ်။

စွပ်စွဲချက်တွေထဲမှတစ်ခုမှာ ကင်ကွန်ဟီဟာ တတိယလူပုဂ္ဂိုလ်တစ်ဉီးမှတစ်ဆင့် Unification Church လို့ ယခင်က လူသိများခဲ့တဲ့ ဘာသာရေးအဖွဲ့ထံမှ တန်ဖိုးကြီး လက်ကိုင်အိတ်တစ်လုံး လက်ခံခဲ့ တယ်လို့ သိရပါတယ်။

ဖမ်းဝရမ်းတစ်ခု ထုတ် မထုတ် ဆုံးဖြတ်မယ့် အင်္ဂါနေ့ တရားရုံးကြားနာပွဲကို တက်ရောက်ခဲ့တဲ့ ကင်ကွန်ဟီက စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပါတယ်။

အခြားတရားရုံးတစ်ခုကလည်း ဒီဇင်ဘာလအတွင်း စစ်အုပ်ချုပ်ရေး ကြေညာမှုကြောင့် သမ္မတ ဟောင်း ယွန်ဆတ်ခ်ယိုလ်ကို ပြီးခဲ့တဲ့လအတွင်း ဖမ်းဆီးခဲ့ပါတယ်။

သမ္မတဟောင်းနဲ့ ဇနီးသည်တို့ တစ်ချိန်တည်းမှာ ဖမ်းဆီးခံရတာဟာ တိုင်းပြည်သမိုင်းမှာ ပထမ ဆုံးအကြိမ်ဖြစ်တယ်လို့ တောင်ကိုရီးယားမီဒီယာတွေက ဆိုပါတယ်။

ကိုးကား – NHK
Ref; South Korean media: Ex-first lady Kim Keon-hee arrested