
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၃ ရက်
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့နဲ့ ဒုက္ခသည်အရေး ဖြေရှင်းဖို့က ဒုက္ခသည်သိန်းချီ လက်ခံထား ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပံ့ပိုးကူညီရာမှာ မလေးရှားနိုင်ငံရဲ့ ဉီးစားပေးတွေဖြစ်တယ်လို့ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောပါတယ်။
ဒုက္ခသည်တွေနဲ့ မြေငလျင်လိုမျိုး သဘာဝဘေးဒဏ်သင့်သူတွေအတွက် လူသားချင်းစာနာမှု အ ကူအညီ ပေးအပ်ရမှာဖြစ်ပြီး မြန်မာ့အရေး ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေဟာ ဒေသတွင်း ပူးပေါင်းဆောင် ရွက်မှုမှာ ဉီးစားပေးမှုတစ်ခု ဖြစ်နေဆဲပဲလို့ ၎င်းက ပြောပါတယ်။
“နယူးယောက်၊ ကာတာနဲ့ မလေးရှားနိုင်ငံမှာ နိုင်ငံစုံဖိုရမ်တွေ ကျင်းပတဲ့ ဘင်္ဂလားဒေ့ရှ် အာဏာ ပိုင်တွေကို ကျွန်တော် ချီးကျူးပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ငြိမ်းချမ်းရေးရရှိဖို့နဲ့ တိုင်းရင်းသားလူနည်းစုအချို့၊ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကို အခင်မင်မပျက် ဖြေရှင်းနိုင်ရေး လာမယ့်သီတင်းပတ် အနည်းငယ်အတွင်း မြန်မာသို့ သွားရောက်ဖို့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံမှ အဖွဲ့တစ်ဖွဲ့နဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန် က ညှိနှိုင်းဆောင်ရွက်မယ်လို့ ၎င်းက ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရ အကြီးအကဲ မူဟမ်မက်ယူနွတ်စ်ရဲ့ မလေးရှားနိုင်ငံသို့ ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အထိ သုံးရက်ကြာခရီးစဉ် ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အန်ဝါအီဘရာဟင်က အခုလို ပြော ကြားခဲ့တာပါ။
မလေးရှားနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ရိုဟင်ဂျာဒုက္ခသည်အရေး ဖြေရှင်းဖို့ အပါအဝင် နယ်ပယ်စုံ မှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။
ကိုးကား – Bernama
Ref; Anwar urges Asean unity on Myanmar crisis, pledges support for Bangladesh