
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၂ ရက်
ရာဇဝတ်မှုတွေ မြင့်တက်လာတာကို လက်တုံ့ပြန်ဖို့ ဝါရှင်တန်ဒီစီမြို့တော်မှာ အမျိုးသားအစောင့် တပ်ဖွဲ့ စေလွှတ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါတယ်။
ဝါရှင်တန်ဒီစီမြို့တော်မှာ ရာဇဝတ်မှုတွေ မထိန်းနိုင်တော့ဟုဆိုကာ အရေးပေါ်အခြေအနေ ကြေ ညာတဲ့ အမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။
အမေရိကန်နိုင်ငံရှိ မြို့ကြီးတွေထဲမှာ ဝါရှင်တန်ဒီစီမြို့တော်ဟာ ပြီးခဲ့တဲ့နှစ်အတွင်း လုယက်မှုနဲ့ လူသတ်မှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
ဒေသန္တရရဲတပ်ဖွဲ့ကို ဖက်ဒရယ်အစိုးရရဲ့ ထိန်းချုပ်မှုအောက်ထားရှိဖို့နဲ့ အမျိုးသားအစောင့်တပ် ဖွဲ့ စေလွှတ်ဖို့ ကာကွယ်ရေးဝန်ကြီးကို သူက ညွှန်ကြားခဲ့ပါတယ်။
ဝါရှင်တန်ရဲတပ်ဖွဲ့နဲ့ ဖက်ဒရယ်အာဏာပိုင်တွေကို အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၈၀၀ က ပံ့ပိုး ကူညီသွားမယ်လို့ တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲမှာ ၎င်းက ဆိုပါတယ်။
ဝါရှင်တန်ဒီစီမြို့တော်ဟာ ရာဇဝတ်မှု တိုးလာတာ မကြုံတွေ့ကြောင်း၊ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း အ ကြမ်းဖက်ရာဇဝတ်မှုတွေဟာ နှစ် ၃၀ အတွင်း အနိမ့်ဆုံးအဆင့် ကျဆင်းသွားခဲ့ကြောင်း ဝါရှင်တန်မြို့ တော်ဝန် မူရီရယ်လ်ဘောင်ဆာက ပြောပါတယ်။
ရွှေ့ပြောင်းအခြေချသူတွေကို စီးနင်းမှုတွေအတွင်း အကြမ်းဖက်မှုနဲ့ လုယက်မှုတွေကို လက်တုံ့ ပြန်ဖို့ ဒေါ်နယ်ထရမ့်ဟာ ဇွန်လအတွင်း လော့အိန်ဂျလိစ်မြို့တော်သို့ အမျိုးသားအစောင့်တပ်ဖွဲ့နဲ့ ကမ်း တက်တပ်ဖွဲ့တွေ စေလွှတ်ခဲ့ပါတယ်။
လော့အိန်ဂျလိစ်နဲ့ ဝါရှင်တန်မြို့တော်ဝန်တွေဟာ ဒီမိုကရက်တွေဖြစ်တာကြောင့် ဒေါ်နယ်ထရမ့် ရဲ့ အစီအမံတွေဟာ နိုင်ငံရေးအရ ဂယက်ရိုက်ခတ်မှုတွေ ရှိနေတယ်လို့ လေ့လာစောင့်ကြည့်သူအချို့က ရှုမြင်ကြပါတယ်။
ကိုးကား – NHK
Ref; Trump to deploy National Guard in Washington to address ‘out of control’ crime