ဧရာဝတီတိုင်းမ်
သြဂုတ် ၁၁ ရက်

Ramkhamhaeng တက္ကသိုလ်က ကမ္ဘောဒီးယား အထက်လွှတ်တော်ဉက္ကဌ ဟွမ်ဆန်ထံမှ ဂုဏ်ထူး ဆောင်ဘွဲ့ကို ရုတ်သိမ်းပြီးနောက် အခြားတက္ကသိုလ်နှစ်ခုက အလားတူလုပ်ဆောင်ကြဖို့ တောင်းဆိုမှုတွေ ရှိ လာပါတယ်။

မကြာသေးမီက နယ်စပ်ပဋိပက္ခမှာ ထိုင်းပြည်သူတွေအပေါ် အကြမ်းဖက်မှု လုပ်ရပ်တွေကြောင့် Ramkhamhaeng တက္ကသိုလ်က ဟွမ်ဆန်ကို ပေးအပ်ထားတဲ့ နိုင်ငံရေးသိပွံဆိုင်ရာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ပြန်ရုတ်သိမ်းခဲ့ပါတယ်။

Ramkhamhaeng တက္ကသိုလ်ရဲ့ ဟွမ်ဆန်ရဲ့ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပြန်ရုတ်သိမ်းမှုကို Suan Sunandha Rajabhat တက္ကသိုလ်မှ ဌာနမှူးဟောင်း လက်ထောက်ပါမောက္ခ ရာသာပေါင်ဘွန်ယန်နူဝပ်က ချီးကျူးခဲ့ပါတယ်။

Bansomdejchapraya Rajabhat နဲ့ Krirk တက္ကသိုလ်တွေကလည်း ၂၀၀၆ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်မှာ ဟွမ်ဆန်ကို ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့နှစ်ခု ပေးအပ်ခဲ့သေးတယ်လို့ ၎င်းက ပြောပါတယ်။

“ဟွမ်ဆန်ဟာ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားသမှုမရှိခဲ့တဲ့ နိုင်ငံတော်အတွက် ခြိမ်း ခြောက်မှုတစ်ခု ဖြစ်လာခဲ့လို့ အခြားတက္ကသိုလ်နှစ်ခုကလည်း Ramkhamhaeng တက္ကသိုလ်လိုမျိုး ဟွမ်ဆန် ထံကနေ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့တွေ ပြန်ရုတ်သိမ်းဖို့ ကျွန်တော် တိုက်တွန်းပါတယ်” လို့ သူက ဆိုပါ တယ်။

ဟွမ်ဆန်ရဲ့ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို ပြန်ရုတ်သိမ်းဖို့ Krirk တက္ကသိုလ်မှ ဌာနမှူးဟောင်း အထက်လွှတ်တော်အမတ် နန်တာနာနန်တာဗာရိုပတ်စ်က တောင်းဆိုခဲ့ပါတယ်။

လွန်ခဲ့သောခြောက်နှစ်က ဖနောင်ပင်မြို့တော်မှာ Krirk တက္ကသိုလ် ဘုတ်အဖွဲ့ဝင်တစ်ဉီးနဲ့အတူ ရိုက်ကူးခဲ့တဲ့ ဟွမ်ဆန်ကို ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးအပ်တဲ့အခမ်းအနား ဓာတ်ပုံတစ်ပုံ အွန်လိုင်းမှာ ပျံ့နှံ့လာမှုကြောင့် နန်တာနာလည်း ဝေဖန်ခံခဲ့ရပါတယ်။

ကိုးကား – Bangkok Post
Ref; Unis urged to revoke Hun Sen’s degrees after clashes