ဧရာဝတီတိုင်းမ်
ဩဂုတ် ၉ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ ရွှေမြင်တင်ကျေးရွာတွင်ရှိသော အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းများကိုသြဂုတ်လ(၉)ရက်နေ့ နံနက် ( ယနေ့ ) တွင် ရှေ့တန်းသို့ပို့ဆောင်ရန် လာရောက်ခေါ်ဆောင်သွားကြောင်း သိရသည်။

စစ်တပ်သုံး ကားအကြီးနှစ်စီးဖြင့်သင်တန်းဆင်းတပ်သား ၁၀၀ ခန့်ကိုတင်ဆောင်ကာ ဟွန်းတီးပြီးအမြန်မောင်းသွားကြောင်း မျက်မြင်တွေ့ရှိသူဒေသခံများထံက သိရသည်။

“သင်တန်းဆင်းခါစတွေကို စစ်၀တ်စုံ၀တ်ပြီး လက်နက်တော့မပေးဘူး။ ကားအတွင်းမှာတန်းစီထိုင်ခိုင်းထားတယ်၊ ဘေးကစစ်သားတွေကလက်နက်တွေနဲ့စောင့်ပြီး ခေါ်သွားတာတွေ့ရတယ်”ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အပါတ်စဥ် ၁၆ ကို စတင်ရန်စိစဥ်နေပြီး ယခု ရှေ့တန်းသို့ပို့ဆောင်ခံရသူများမှာ အပါတ်စဉ် ၁၃ မှ နှစ်လကြာသင်တန်းတက်​ထားသူများဖြစ်ကြောင်း ​စစ်တပ်နှင့်နီးစပ်သူများထံမှသိရှိရသည်။

ဧရာ၀တီတိုင်းရှိ ငါးသိုင်းချောင်း၊ လေးမျက်နှာမြို့နယ်များတွင် အာရက္ခတပ်တော် ပူးပေါင်းတပ်များနှင့်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီမှ သေဆုံးထွက်ပြေးသူများပြားလာသောကြောင့်ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းများကို ခေါ်ယူ အသုံးပြုနေရကြောင်း သိရသည်။