ဧရာဝတီတိုင်းမ်
ဩဂုတ် ၉ ရက်

ထိုင်းနဲ့ကမ္ဘောဒီးယားကြား မြန်ဆန် ထိရောက်တဲ့ အပစ်အခတ်ရပ်စဲရေးဟာ အာဆီယံအဖွဲ့အ တွက် မကြုံစဖူး အောင်မြင်မှုတစ်ခုဖြစ်ပြီး ခေါင်းဆောင်တွေရဲ့ အင်အား၊ ကတိကဝတ်နဲ့ စိတ်ပိုင်းဖြတ်မှု ကို ပြသနေတာလို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောပါတယ်။

“ကမ္ဘောဒီးယားနဲ့ ထိုင်းခေါင်းဆောင်တွေ၊ အရေးပါတဲ့ အခန်းကဏ္ဍမှပါဝင်ခဲ့တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို ကျေးဇူးတင်ရမှာပါ။ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အာဆီယံခေါင်းဆောင်တွေကြား ဆက် ဆံရေးနဲ့ ယုံကြည်မှုဟာ အံ့လောက်ပါတယ်” လို့ သူက ဆိုပါတယ်။

အာဆီယံအဖွဲ့ တည်ထောင်မှု ၅၈ နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်မိန့်ခွန်းမှာ ၎င်းက အခုလို ပြောကြားခဲ့တာပါ။

“ထိုင်းနဲ့ကမ္ဘောဒီးယားကြား တာရှည်ခံတဲ့ငြိမ်းချမ်းရေး ရရှိဖို့ လိုအပ်တာမှန်သမျှ ထောက်ပံ့ဖို့ အာဆီယံခေါင်းဆောင်အားလုံးက ကတိပြုခဲ့ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

မြင့်မားသော ယုံကြည်မှုအဆင့်ကြောင့် အဖွဲ့အစည်းအားလုံးကို နားလည်မှု မြန်ဆန်စွာ ရရှိစေခဲ့ ပြီး ထိုင်းနဲ့ကမ္ဘောဒီးယားကြား အပစ်အခတ်ရပ်စဲရေးဟာ ပထမဆုံးသော အလွန် မြန်ဆန်၊ ထိရောက်တဲ့ အပစ်ရပ် သဘောတူညီချက် ဖြစ်လာမယ်လို့ ၎င်းက ပြောပါတယ်။

“ဒါဟာ ကောင်းမွန်သော စတင်မှုတစ်ခုဖြစ်ပြီး ပထဝီနိုင်ငံရေး မဟာဗျူဟာ ရရှိရေးမှာ အာဆီယံ အဖွဲ့ အနာဂတ်အတွက် ကောင်းမွန်ပါတယ်။ မြန်မာ့အရေးဟာ အာဆီယံအဖွဲ့ရဲ့ နောက်ထပ်စိန်ခေါ်မှု ဖြစ်လာပါလိမ့်မယ်” လို့ အန်ဝါအီဘရာဟင်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေးရရှိဖို့ တိုးတက်မှုတွေ ရရှိခဲ့ပြီး မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီး ရှားမှ အကြမ်းဖက်မှုတွေနဲ့ တိုက်ခိုက်မှုတွေ ရပ်စဲဖို့၊ သက်ဆိုင်သူတွေကြား ဆွေးနွေးမှုတွေ ပြန်လည်စ တင်နိုင်ရေး တွန်းအားပေးဖို့ မကြာမီ မြန်မာနိုင်ငံသို့ သွားရောက်ဖို့ မျှော်မှန်းထားတယ်လို့ ၎င်းက ပြောပါ တယ်။

ကိုးကား – Bernama
Ref; Anwar calls Thailand-Cambodia ceasefire Asean’s proudest moment, says Myanmar next challenge