
ဧရာဝတီတိုင်းမ်
ဩဂုတ် ၈ ရက်
အမေရိကန်နိုင်ငံရဲ့ မြင့်မားသော စည်းကြပ်ခွန်သတ်မှတ်မှုကို အာခံမှုအဖြစ် သူ့အနေနဲ့ တန်ဖိုး ကြီးကြီး ပေးဆပ်ဖို့ အဆင်သင့်ရှိကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ပြောကြားခဲ့ပြီး ပြည်သူ့ အကျိုးစီးပွားအတွက် မည်သည့်အခါမျှ အလျှော့မပေးဖို့ ကတိပြုလိုက်ပါတယ်။
ရုရှားမှ ရေနံ ဆက်လက်ဝယ်ယူမှုကို လက်တုံ့ပြန်မှုအဖြစ် အိန္ဒိယကုန်စည်တွေကို ထပ်တိုး စည်း ကြပ်ခွန် ၂၅ ရာခိုင်နှုန်း သတ်မှတ်တဲ့အမိန့်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုးပြီး နောက် သူက အခုလို ကတိပြုခဲ့တာပါ။
အမိန့်သစ်ကြောင့် အိန္ဒိယကုန်စည်တွေအပေါ် အမေရိကန်စည်းကြပ်ခွန်ဟာ ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ထက်ဝက်ဟာ ကြာသပတေးနေ့မှာ အာဏာတည်မှာဖြစ်ပါတယ်။
“လယ်သမားတွေရဲ့ သက်သာချောင်ချိရေးဟာ အမြင့်မားဆုံး ဉီးစားပေးလုပ်ငန်း ဖြစ်ပါတယ်။ လယ်သမားတွေ၊ မွေးမြူရေးသမားတွေနဲ့ တံငါသည်တွေရဲ့ အကျိုးစီးပွားအတွက် အိန္ဒိယနိုင်ငံဟာ ဘယ် တော့မှ အလျှော့မပေးဘူး” လို့ ၎င်းက နယူးဒေလီမြို့မှာကျင်းပတဲ့ အခမ်းအနားတစ်ခုမှာ ပြောပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ စည်းကြပ်ခွန်သစ်ဟာ မသင့်သလို သူ့ရဲ့လုပ်ရပ်တွေဟာ မမျှတမှုနဲ့ ကျိုး ကြောင်းညီညွတ်မှုမရှိဘူးလို့ အိန္ဒိယက ပြောပါတယ်။
အိန္ဒိယနိုင်ငံဟာ ရုရှားရေနံတွေ ပြန်လည်ရောင်းချမှုမှ အကျိုးဖြစ်ထွန်းနေတယ်လို့ ဒေါ်နယ်ထ ရမ့်က စွပ်စွဲပါတယ်။
အိန္ဒိယဟာ အမေရိကန်နိုင်ငံနဲ့ ကုန်သွယ်ရေး ဆွေးနွေးမှုတွေ အရင်ဆုံးပြုလုပ်ခဲ့တဲ့ တိုင်းပြည် တွေထဲ ပါဝင်ခဲ့ပေမယ့် နှစ်နိုင်ငံစလုံးက သဘောတူညီမှု မရရှိခဲ့ပါဘူး။
အမေရိကန်နဲ့အိန္ဒိယကြား ကုန်သွယ်မှုပမာဏဟာ ပြီးခဲ့တဲ့နှစ်က ဒေါ်လာ ၁၉၀ ဘီလီယံ ကျော် လွန်ခဲ့ပေမယ့် အမေရိကန်နိုင်ငံဟာ အိန္ဒိယနဲ့ ကုန်သွယ်မှုမှာ လိုငွေ ဒေါ်လာ ၄၅ ဘီလီယံဝန်းကျင် ရှိခဲ့ပါ တယ်။
ကိုးကား – Anadolu
Ref; ‘Ready to pay heavy price:’ Indian Premier Modi on Trump tariffs