ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၈ ရက်

ပြီးခဲ့တဲ့လအတွင်း အငြင်းပွားနယ်စပ်မှာ လူအသေအပျောက်ရှိတဲ့ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက်တစ်ရပ်နဲ့အတူ ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာ လေးရက်ကြာ ဆွေး နွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

မလေးရှားနိုင်ငံ ဉီးဆောင်သော အာဆီယံအဖွဲ့က ငြိမ်းချမ်းရေးထိန်းသိမ်းမှုကို ညှိနှိုင်းဆောင် ရွက်ကာ စောင့်ကြည့်မယ်လို့ ထိုင်းနဲ့ကမ္ဘောဒီးယားက ပြောပါတယ်။

ကြာသပတေးနေ့ဟာ ကွာလာလမ်ပူမြို့တော်မှာကျင်းပတဲ့ တွေ့ဆုံဆွေးနွေးမှု အပြီးသတ်နေ့ ဖြစ်ပြီး နှစ်နိုင်ငံစလုံးမှ ကာကွယ်ရေးဝန်ကြီးတွေ တက်ရောက်ခဲ့ပါတယ်။

မလေးရှားနိုင်ငံက အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှုတွေမှာ ကြားဝင်ဖျန်ဖြေခဲ့ပြီး အမေရိ ကန်နဲ့တရုတ်မှ ကိုယ်စားလှယ်တွေလည်း ပါဝင်ခဲ့ပါတယ်။

ဆွေးနွေးမှုအပြီးမှာ နှစ်ဖက်စလုံးက သီးခြား သတင်းစာရှင်းလင်းပွဲတွေ ပြုလုပ်ခဲ့ပြီး ဆက်သွယ် ရေးလမ်းကြောင်း ဖွင့်ထားဖို့ သဘောတူခဲ့ပါတယ်။

နှစ်နိုင်ငံစလုံးက နယ်စပ်ပြဿနာကို မြန်ဆန်စွာ ဖြေရှင်းနိုင်ရင် နှစ်နိုင်ငံနယ်စပ်မှာ ငြိမ်းချမ်းရေး ပြန်လည်ရရှိကာ ပြည်သူတွေဟာ ပုံမှန်ဘဝ ပြန်လည်ရောက်ရှိမယ်လို့ ထိုင်း ယာယီ ခေတ္တ ကာကွယ်ရေး ဝန်ကြီး နတ်တာဖွန်နက်ခ်ဖန်နစ်က ပြောပါတယ်။

ထိုင်း၊ မလေးရှား၊ အခြား အာဆီယံအဖွဲ့ဝင်တွေနဲ့ အပြုသဘောဆောင်စွာ အနီးကပ် ပူးပေါင်း ဆောင်ရွက်ဖို့ ကမ္ဘောဒီးယားနိုင်ငံက သံန္နိဌာန်ချထားတယ်လို့ ကာကွယ်ရေးဝန်ကြီး တီယာဆီဟာက ပြောပါတယ်။

တစ်လအတွင်း နောက်တစ်ကြိမ် ဆွေးနွေးမှုတွေပြုလုပ်ဖို့ နှစ်နိုင်ငံစလုံးက သဘောတူခဲ့ကြောင်း သိရပါတယ်။

ကိုးကား – NHK
Ref; Thailand, Cambodia agree to maintain ceasefire

#Ayeyarwaddy_Times