
ဧရာဝတီတိုင်းမ်
ဩဂုတ် ၇ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ အမှိုက်ပုံရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက် ခဲ့ကြောင်း သိရသည်။
ယနေ့ ဩဂုတ် ၇ ရက် ညနေ ၄ နာရီခန့်တွင် ဖားကန့်မြို့နယ်၊ အမှိုက်ပုံကျေးရွာကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“အမှိုက်ပုံရွာဘက်ကို ကြဲတယ်လို့ သိရတယ်။ အသေအပျောက် သွားကြည့်လို့ မရသေးဘူး။ အခြေအနေငြိမ်ရင်တော့ ကယ်ဆယ်ရေး လုပ်ရမယ်” ဟု ဖားကန့်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖားကန့်ရှိ အမှိုက်ပုံ၊ ယူမာ၊ ရှရော်ခကျေးရွာများတွင် စစ်ကော်မရှင်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကော်မရှင်က လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် ဩဂုတ် ၄ ရက်နှင့် ၅ ရက်တို့တွင် အရပ်သားပြည်သူ ခြောက် ဦး သေဆုံးပြီး ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။
ရှရော်ခရွာအဝင်၊ ဖားကန့်ဗျူဟာအနီးရှိ ညောင်ပင်ကုန်းစခန်းကို KIA က ပြန်လည်ထိန်း ချုပ်ပြီးနောက် စစ်ကော်မရှင်က အပြင်းအထန် စစ်ကြောင်းထိုးတိုက်ခိုက်လာခြင်းဖြစ် သည်။ မြေပြင်တိုက်ပွဲပြင်းထန်နေချိန်တွင် စစ်ကော်မရှင်က လေကြောင်းအကူအညီယူ၍ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လာခြင်း ဖြစ်သည်။